Rauu ဗီယက်နမ်စားသောက်ဆိုင် (Honest Review)
Rauu ကိုဗီယက်နမ်အစားအသောက်တွေအိမ်တိုင်ရာရောက်လိုက်ပို့တဲ့ online shop လေးအဖြစ် သတိထားမိနေတာတော့ကြာပါပြီ။ ဒါပေမယ့်အကြောင်းကြောင်းကြောင့်မှာမစားဖြစ်ခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ပတ်လောက်ကလမ်း ၄၀အောက်လမ်းမှာဆိုင်ခန်းလေးစဖွင့်ပြီဆိုတာတွေ့တော့မှသွားစားဖြစ်ခဲ့ပါတယ်။ Admin ရောက်သွားတော့စနေနေ့ညနေခင်းလောက်ပါ။ လေးထပ်တိုက်ရဲ့အပေါ်ဆုံးလွှာမှာရှိပြီး လမ်းလျှောက်လာမယ်ဆိုရင် ကုန်သည်လမ်းဘက်ကဝင်ရင်ပိုနီးပါတယ်။ ဆိုင်လေးကအိမ်ရှေ့ခန်းနဲ့အနောက်ဘက်ခန်းဆိုပြီး ၂ပိုင်းခွဲထားတယ်။ အိမ်ရှေ့ခန်းကစားသောက်ဆိုင်နဲ့ပိုတူပြီး စားပွဲပိုများတယ်။ အနောက်ဘက်ခန်းကတော့ couch တွေဘာတွေနဲ့သီးသီးသန့်သန့်ရှိလို့ လူများတယ်ဆိုရင်အနောက်ဘက်ခန်းမှာထိုင်ဖို့အကြံပေးချင်ပါတယ်။ Menu ကတော့ရိုးရိုးရှင်းရှင်းနဲ့တမျက်နှာတည်းပါ။ Food section...
Rangoonian Burritos (Honest Review)
လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်က အွန်လိုင်းမှာ delivery သီးသန့်စရောင်းရာကနေ အခုတော့စမ်းချောင်းမှာ dine in ဖွင့်လာနိုင်တဲ့အထိလူကြိုက်များလာတဲ့ Rangoonian Burritos ကိုလွန်ခဲ့တဲ့အပတ်ကသွားဖြစ်ခဲ့ပါတယ်။ ဆိုင်လေးကစားပွဲ ၆ခုလောက်ပဲရှိပြီးနည်းနည်းကျဉ်းလို့ ပိတ်ရက်တွေမှာ အုပ်စုလိုက်သွားမယ်ဆိုရင်တော့ဘွတ်ကင်ကြိုလုပ်ထားတာကောင်းပါတယ်။ Menu ကတော့ မက္ကဆီကန်အစားအသောက်နဲ့ snack တွေတော်တော်စုံတယ်။ Admin လည်း Burrito...


