Covid-19 ကြောင့်နှောင့်နှေးသွားရတဲ့ဇာတ်လမ်းတွဲများ
Covid-19 ကြောင့် series တော်တော်များများရိုက်ကူးရေးတွေနားလိုက်ရတဲ့အတွက် ကျနော်တို့ကြိုက်တဲ့ Stranger Things တို့ Money Heist တို့ကိုပြန်ကြည့်ခွင့်ရဖို့ပုံမှန်ထက်ပိုစောင့်ရနိုင်ပါတယ်။ တချို့ဆိုရိုက်ကွင်းတောင်မတည်ရသေးတော့ ၂နှစ်လောက်နောက်ကျဖို့ရှိတယ်။ ဒီဆောင်းပါးမှာမြန်မာပရိသတ်တွေနဲ့ရင်းနှီးနေတဲ့ series တချို့ရဲ့လက်ရှိအခြေအနေကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ကြိုက်တဲ့ series ကိုမတွေ့ရင် comment မှာပြောသွားပေးပါ။ အလျဉ်းသင့်သလိုထပ်ရေးပေးပါ့မယ်။ Stranger Things...
Stranger Things S4V1 Review
Stranger Things season 4 volume 1 ကထွက်ပြီးတာတပတ်လောက်ကြာပြီဆိုတော့ တော်တော်များများလည်း ကြည့်ပြီးကြပြီထင်ပါတယ်။ အထူးတလည်ညွှန်းစရာမလိုတဲ့ဇာတ်လမ်းတွဲမို့ အညွှန်းဆိုတာထက် ထင်မြင်ချက်သဘောလေးရေးထားတာပါ။ Spoiler ပါလို့ကြည့်ပြီးမှဖတ်ပါ။ အပိုင်းတပိုင်းကို တနာရီကျော်ကြာပြီး အပိုင်း ၇ပိုင်းပါတဲ့ Vol 1 ကအရင် season တွေထက်ကြာသလို ဇာတ်ကောင်တွေလည်းပိုများလာတယ်။ S3...
Harlan Coben’s The Woods and Hold Tight
ပိတ်ရက်မှာမိုးအေးအေးနဲ့သည်းထိတ်ရင်ဖိုစုံထောက်ဇာတ်လမ်းလေးကြည့်ချင်တဲ့သူတွေအတွက် Netflix ကဇာတ်လမ်းတွဲ ၂ခုကိုညွှန်းချင်ပါတယ်။ ဇာတ်လမ်းတွဲ ၂ခုလုံးကပိုလန်နိုင်ငံမှာရိုက်ကူးထားတာဖြစ်ပြီး ဗြိတိသျှစာရေးဆရာ Harlan Coben ရဲ့ဝတ္ထု ၂အုပ်ကိုအခြေခံထားတာပါ။ ဇာတ်လမ်းချင်းအချိတ်အဆက်မရှိပေမယ့် The Woods ထဲကဇာတ်ကောင်တချို့ Hold Tight မှာပြန်ပါတာကြောင့် The Woods ကိုအရင်ကြည့်သင့်ပါတယ်။ The Woods ဒီဇာတ်လမ်းတွဲကတော့ ၁၉၉၄ခုနှစ် သြဂုတ်လနဲ့ ၂၀၁၉ခုနှစ်...
Russian Doll Review
၂၀၁၉ခုနှစ်က Season 1 ထွက်ပြီးသိပ်မကြာခင်မှာပဲကြည့်ဖြစ်ခဲ့တယ်။ အမှန်အတိုင်းဝန်ခံရရင် poster ကိုကြည့်ပြီးစိတ်ဝင်စားလို့ကြည့်ဖြစ်သွားတာ။ ဒီ series ကို Netflix ကမားကတ်တင်းသိမ်မလုပ်တော့ ကောင်းမယ်လို့မလည်းမထင်ထားဘူး။ တကယ်တမ်းကြည့်ကြည့်တော့မှဇာတ်လမ်းကော သရုပ်ဆောင်တွေကောပြောစရာမလိုလောက်အောင်ကိုကောင်းနေတာတွေ့ရတယ်။ ဇာတ်လမ်းစစချင်း ရေချိုးခန်းထဲမျက်နှာသစ်နေတဲ့ Nadia (Natasha Lyonne) ကိုတွေ့ရတယ်။ Nadia ရောက်နေတာသူ့ရဲ့ ၃၆နှစ်ပြည့်မွေးနေ့ပွဲ။ သူငယ်ချင်းဖြစ်သူကကျင်းပပေးလို့သာနေနေရတယ်...
The Woman in the House across the Street from the Girl in the Window
(ခေါင်းစဉ်အသံထွက်ဖတ်ပြီးရေတခွက်သောက်ပါ) ဒီဇာတ်လမ်းတွဲက ဇန်နဝါရီလကုန်လောက်ကတည်းက Netflix မှာထွက်နေပေမယ့်အကြောင်းကြောင်းကြောင့် အခုမှကြည့်ဖြစ်ပါတယ်။ Spoiler free ပါ။ ဇာတ်လမ်းကတော့ အဖြစ်ဆိုးတခုကြောင့်စိတ်လေနေတဲ့ Anna (Kristen Bell) ဟာတနေ့တနေ့အရက်သောက်လိုက် ပြတင်းပေါက်ကနေအိမ်နီးချင်းတွေကိုစောင့်ကြည့်လိုက်နဲ့ အချိန်ကုန်နေပါတယ်။ တနေ့မှာမျက်နှာချင်းဆိုင်အိမ်ကို မုဆိုးဖို Neil (Tom Riley) နဲ့ သူ့သမီးငယ် Emma တို့ပြောင်းရွှေ့လာတယ်။ Neil...
Inventing Anna
Social media တွေကနေလူတယောက်အကြောင်းဘယ်လောက်ထိသိနိုင်ပါသလဲ။ Anna Delvey (သို့မဟုတ် Anna Sorokin) ဆိုတဲ့အမျိုးသမီးတယောက်ဟာ New York ရေပေါ်ဆီအသိုင်းအဝိုင်းမှာဝင်ဆံ့အောင်နေထိုင်ပြီး ဒေါ်လာသန်းနဲ့ချီလိမ်သွားတဲ့ကိစ္စကတကယ်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းကို Grey’s Anatomy, Scandal တို့လို နာမည်ကျော်ဇာတ်လမ်းတွဲတွေကိုဖန်တီးထုတ်လုပ်ခဲ့တဲ့ Shonda Rhimes ကစီစဉ်ပြီး Netflix ကဖြန့်ချီတဲ့...
All of Us are Dead
ကိုရီးယားဇာတ်လမ်းတွဲတွေအနောက်တိုင်းပရိသတ်တွေကြားမှာရေပန်းစားလာပြီးနောက်ပိုင်း Netflix ကလည်းခပ်စိတ်စိတ်ထုတ်လာပါတယ်။ All of Us are Dead ကလည်းမထွက်ခင်ကတည်းကနာမည်ကြောင့် လူစိတ်ဝင်စားမှုရနေတဲ့ဇာတ်လမ်းတွဲတခုပါ။ ကိုရီးယား webtoon တခုကိုအခြေခံထားတဲ့ဒီဇာတ်လမ်းတွဲဟာ မနေ့ကမှ Netflix မှာတက်လာတာပါ။ ဖုတ်ကောင်တွေကိုအခြေခံထားတဲ့ဇာတ်လမ်းပဲဖြစ်ပေမယ့် အထက်တန်းကျောင်းတခုမှာဇာတ်အိမ်တည်ထားတာကတော့ထူးခြားပါတယ်။ ဇာတ်ကောင်တွေကဆယ်ကျော်သက်တွေပီပီကလေးစိတ်နဲ့စဉ်းစားပြုမူကြတာ၊ တယောက်နဲ့တယောက် မကျေနပ်ချက်လေးတွေက အရေးအကြောင်းကျမှပေါ်လာတာ စသဖြင့်မရင့်ကျက်တဲ့ဆုံးဖြတ်မှုတွေကြောင့် ဇာတ်လမ်းအပေါ်မှာရိုက်ခတ်မှုဖြစ်တာတွေတွေ့ရမယ်။ ကိုရီးယားဇာတ်လမ်းတွဲပီပီ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေ၊...
Servant (Honest Review)
Apple TV+ ရဲ့စီးရီးတွေထဲမှာ Servant က See တို့ Defending Jacob တို့လောက်လူသိမများဘူး။ ဒါရိုက်တာက M Night Shyamalan ဆိုတော့ psychological thriller ကြိုက်တဲ့သူတွေကိုကြည့်စေချင်ပါတယ်။ Season 2, Episode 2 အထိထွက်ထားပြီဖြစ်ပြီး အခုရေးပြမှာကတော့ Season...
Bridgerton (Honest Review)
ဒီဇင်ဘာလကုန်လောက်ကတည်းက Netflix မှာထွက်ခဲ့ပြီး တော်တော်လေးလည်းနာမည်ကြီးနေတာမို့ အများစုကြည့်ပြီးလောက်ပြီထင်ပါတယ်။ သုံးသပ်ချက်ဆောင်းပါးဖြစ်တာမို့ spoiler ပါပါတယ်။ ကြည့်ပြီးမှဖတ်ပါ။ အမှန်အတိုင်းဝန်ခံရရင် Bridgerton ကိုကြည့်ဖြစ်တာ Shonda Rhimes တို့ studio ကစီစဉ်တာမို့ပါ။ သူ့ရဲ့ Scandal နဲ့ How to Get Away with...
Netflix in January
ဇန်နဝါရီလထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ The White Tiger (22 Jan) စာရေးဆရာ Aravind Adiga ရဲ့နာမည်ကျော်ဝတ္ထုကိုအခြေခံထားတဲ့ရုပ်ရှင်ပါ။ White Tiger ဟာအိန္ဒိယနိုင်ငံရဲ့လူတန်းစားကွာဟမှုအကျပ်အတည်းကိုသရော်တဲ့အမြင်နဲ့တင်ဆက်ထားတယ်။ အဓိကဇာတ်ကောင် Balram Halwai ဟာကျေးတောသားလေးတယောက်ဖြစ်ပြီး ဒေလီမှာဒရိုင်ဘာအဖြစ်နဲ့အသက်မွေးရာကနေ အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာပုံကို အိန္ဒိယရဲ့လူမှုရေးပြဿနာတွေနဲ့ယှဉ်တွဲပြီးမြင်ရမယ်။ ဒီကားကိုတော့ must...










