Netflix in September
စက်တင်ဘာလထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ Enola Holmes (23 Sep) ဒါကတော့လူတိုင်းမျှော်လင့်နေကြမယ့်ရုပ်ရှင်ပဲဖြစ်မယ်။ Sherlock Homes ရဲ့ညီမ Enola Holmes ရဲ့စွန့်စားခန်းတွေအကြောင်းရိုက်ကူးထားပြီး Enola Holmes မှာ Enola အဖြစ် Millie Bobby Brown (Stranger Things)...
The Fall (Honest Review)
BBC ရုပ်သံမှာ ၂၀၁၃ ခုနှစ်ကတည်းကထုတ်လွှင့်ခဲ့တဲ့ တီဗီဇာတ်လမ်းတွဲ The Fall ဟာ ဒီလမှ Netflix ပေါ်ရောက်လာတာပါ။ Psychological thriller နဲ့စုံထောက်ဇာတ်လမ်းဖြစ်ပြီး စထွက်ထွက်ချင်းတုန်းကလည်း UK မှာအောင်မြင်ခဲ့ပေမယ့် Netflix ကြောင့်တကမ္ဘာလုံးအတိုင်းအတာနဲ့ လူသိများသွားတယ်ဆိုရမယ်။ ဒီကားထဲမှာ 50 Shades of Grey နဲ့နာမည်ကြီးလာခဲ့တဲ့...
Project Power (Honest Review)
Netflix က superhero genre ကိုပဲ mainstream နဲ့ကွဲပြားတဲ့ဇာတ်လမ်းတွေကို အမျိုးမျိုးစမ်းသပ်လေ့ရှိပါတယ်။ ရလဒ်အဖြစ် Umbrella Academy လို နှစ်သက်စရာ show ထွက်လာသလို Old Guard လိုအပျင်းပြေရုံရုပ်ရှင်တွေလည်းရှိခဲ့ပါတယ်။ Project Power က alternative superhero ရုပ်ရှင်ကားမျိုးပါ။ Power...
Cursed (Honest Review)
Cursed ဟာမရိုးနိုင်တဲ့ Arthur ဘုရင်ရဲ့ဒဏ္ဍာရီကိုပဲ ကန်တော်ရှင်နတ်သမီး (Lady of the Lake) Nimue ရဲ့ရှုထောင့်ကနေ ရိုက်ကူးတင်ဆက်ထားတာပါ။ Nimue အဖြစ် 13 Reasons Why မှာ Hannah Baker အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Katherine Langford ကပါဝင်ထားတယ်။
အလွဲလွဲအမှားမှား ဟီးရိုးများ
တချို့က X-Men ကိုဟာသဆန်ဆန်ရိုက်ရင် The Umbrella Academy ရလာမယ်လို့ပြောကြတယ်။ ဒါပေမယ့် TUA မှာ X-Men ရုပ်ရှင်တွေနဲ့ကွဲပြားတဲ့အရည်အသွေးတွေအများကြီးရှိနေပါတယ်။ TUA ဟာဇာတ်လမ်းစကတည်းကစိတ်ဝင်စားစရာကောင်းတယ်လို့ပြောရမယ်ဗျ။ ၁၉၈၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှာ ကမ္ဘာတဝှမ်းကအမျိုးသမီး ၄၃ယောက်ဟာ ရုတ်တရတ်နေ့စေ့လစေ့ကိုယ်ဝန်ရလာပြီး ကလေးတယောက်စီမွေးပါတယ်။ Reginald Hargreeves ဆိုတဲ့အမေရိကန်နိုင်ငံသားဘီလျံနာကြီးဟာ ဒီကလေးတွေထဲက ၇ယောက်ကိုမွေးစားပြီး...
Netflix in August
သြဂုတ်လထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ Lucifer (Aug 21) Season 5 (A) မှာ Lucifer ရဲ့အဖေ God ပါဝင်လာမှာဖြစ်ပြီး မင်းသားကြီး Dennis Haysbert ကသရုပ်ဆောင်မှာပါ။ ရိုက်ကွင်းဓာတ်ပုံတပုံအရ ဧဒင်ဥယျာဉ်နဲ့ နတ်ပြည်အကြောင်းမြင်ရလိမ့်မယ်လို့ တချို့ကသုံးသပ်တယ်။ Season 5...
စိတ်ကူးယဉ်ထက်ထူးဆန်းသောလက်တွေ့ဖြစ်ရပ်များ
တခါတလေအပြင်လောကမှာတကယ်ဖြစ်ပွားခဲ့တဲ့ကိစ္စတွေက စိတ်ကူးယဉ်ရုပ်ရှင်ဝတ္ထုတွေထက် ထူးခြားဆန်းပြားတယ်ဆိုတာ Unsolved Mysteries ဇာတ်လမ်းတွဲတွေကသက်သေပြနေပါတယ်။ ရုပ်သံလိုင်းတွေက Unsolved Mysteries franchise ကိုလက်တွေ့ဖြစ်ပျက်ခဲ့တဲ့မှုခင်းတွေ၊ လူပျောက်မှုတွေ၊ သိပ္ပံနည်းကျရှင်းပြရခက်တဲ့အဖြစ်အပျက်တွေကိုအခြေခံပြီး docudrama (documentary+drama) ပုံစံရိုက်ကူးကြတာ ၁၉၈၇ခုနှစ်ကတည်းကပါ။ NBC, CBS, Lifetime စတဲ့ရုပ်သံ channel အမျိုးမျိုးကရိုက်ကူးခဲ့ကြပြီး အခုနောက်ဆုံး Netflix...
မိုးအေးအေးနဲ့သရဲကားကြည့်မယ်
မိုးတွေရွာနေတဲ့ညမှာခြောက်ခြောက်ခြားခြားသရဲကားလေးကြည့်ရတဲ့အရသာကိုကြိုက်တဲ့သူတွေအတွက် အသဲတအေးအေးကြည့်ရမယ့် ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေကိုဖော်ပြပေးလိုက်ပါတယ်။ Netflix မှာကြည့်လို့ရပါတယ်။ Apostle The Wicker Man နဲ့ Midsommarတို့လိုဇာတ်လမ်းမျိုးကြိုက်တယ်ဆိုရင် Apostle ကိုလည်းသဘောကျလိမ့်မယ်။ ၁၉၀၅ခုနှစ် အင်္ဂလန်နိုင်ငံမှာဇာတ်အိမ်တည်ထားပြီး Dan Stevens နဲ့ Michael Sheen တို့အဓိကပါဝင်ထားပါတယ်။ Thomas Richardson (Stevens) ဟာသူ့ညီမကို ယဇ်ပူဇော်ဖို့ဖမ်းခေါ်သွားတဲ့တိတ္ထိဘာသာရေးဂိုဏ်းထဲဝင်ရောက်ပြီးညီမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။...
Netflix in July
ဇူလိုင်လထဲမှာထုတ်လွှင့်မယ့် Netflix ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။ Cursed (17 July) မရိုးနိုင်တဲ့ Arthur ဘုရင်ရဲ့ဒဏ္ဍာရီကိုပဲ ကန်တော်ရှင်နတ်သမီး (Lady of the Lake) Nemui ရဲ့ရှုထောင့်ကနေ ရိုက်ကူးတင်ဆက်ထားတာပါ။ Nemui အဖြစ် 13 Reasons Why မှာ Hannah...
Covid-19 ကြောင့်နှောင့်နှေးသွားရတဲ့ဇာတ်လမ်းတွဲများ (၂)
ကပ်ရောဂါကြီးကြောင့်ဇာတ်လမ်းတွဲတော်တော်များများရိုက်ကူးရေးတွေနောက်ဆုတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံကပရိသတ်တွေကြားရေပန်းစားတဲ့ဇာတ်လမ်းတွဲတွေဘယ်တော့ပြန်လာမှာလဲ။ ဒီ list မှာကြည့်ပါ။ The Witcher Netflix က The Witcher Season 2 ကိုကပ်ရောဂါဖြစ်နေတဲ့ကာလမှာတောင်ရိုက်ကူးဖို့ကြိုးစားခဲ့ပေမယ့် အဓိကသရုပ်ဆောင်တဦးအဖြစ်ပါဝင်လာမယ့် Kristofer Hivju (Game of Thrones ထဲက Tormund Giantsbane) Covid-19 ကူးစက်ခံခဲ့ရတဲ့အတွက်ရိုက်ကူးရေးတွေရပ်တန့်လိုက်ရပါတယ်။ Season...










