ကေသရာဇာကကြိုး

0
By Nay Thiha သူ့ကိုယ်မှာချွေးတွေရွှဲနေတယ်။ သူရပ်နေတဲ့နေရာက လူတရပ်မကမြင့်တဲ့တိုင်လုံးတခုရဲ့ထိပ်က ခြေတဖ၀ါးစာလောက်ပဲရှိတဲ့နေရာလေး။ သူ့ကိုယ်ပေါ်မှာတော့လေးလံတဲ့ခြသေ့င်္ခေါင်းကြီးနဲ့ ကိုယ်ရုံကိုခြုံထားတယ်။ အဆင့်ဆင့်စီတန်းထားတဲ့တိုင်လုံးတွေကိုကြည့်ရင်း နောက်ထပ်ကကြိုးတခုကိုစဉ်းစားနေပါတယ်။ သူကတော့ခြသေ့င်္ကရာမှာနောက်ထိုင်အဖြစ်တာဝန်ယူထားတဲ့ကိုထက်နေ၀န်းပါ။ တရုတ်နှစ်သစ်ကူးရောက်ပြီဆိုတာနဲ့ ရန်ကုန်မြို့တ၀ိုက်တရုတ်ရိုးရာခြသေ့င်္ကပွဲနဲ့ပြိုင်ပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါတယ်။ အခုလည်းကိုထက်နေ၀န်းတို့ Hong Bao Shi (ပတ္တမြားနီ) အဖွဲ့က Junction Square မှာဇန်န၀ါရီလ ၂၄-၂၇ အတွင်းကျင်းပမယ့်ခြသေ့င်္အကပြိုင်ပွဲအတွက်လေ့ကျင့်နေကြတာပါ။ “ကျနော်လွန်ခဲ့တဲ့ ၉နှစ်လောက်ကတည်းကခြသေ့င်္ကခဲ့တာပါ။ ငယ်ငယ်တုန်းကတော့တချိန်မှာ ခြသေ့င်္ကဖြစ်လိမ့်မယ်လို့မတွေးခဲ့မိဘူး။ သူများတွေကတာကိုပဲလိုက်ကြည့်ခဲ့တာ။ သူငယ်ချင်းတယောက်က ကကြည့်ပါလားဆိုပြီးအားပေးတာနဲ့ကဖြစ်သွားတာပါ။ ခုတော့လည်းဒါကိုပဲဝါသနာပါသွားပြီ”...

တောင်ပိုင်းကမ်းခြေများသို့ စက်ဘီးစီးခရီးတခေါက်

0
Uncharted Horizons Myanmar ရဲ့တည်ထောင်သူ စွန့်စွန့်စားစားသွားလာရတဲ့ခရီးစဉ်တွေကိုစီစဉ်သူ Jochen Meissner ဟာပုသိမ်ကနေဂေါ်ရင်ဂျီကျွန်းဆီ စက်ဘီးစီးခရီးသွားတဲ့အတွေ့အကြုံတွေကိုမျှဝေထားပါတယ်။ ၃ရက်ကြာတဲ့သူ့ခရီးစဉ်မှာ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေလည်းပါဝင်ခဲ့ပါတယ်။ စက်တင်ဘာလကုန်ပိုင်းလောက်မှာ မိုးရာသီကုန်ဆုံးသွားတော့ ကျနော်တို့ ၃ယောက်သားမြန်မာနိုင်ငံတောင်ပိုင်းက ကမ်းခြေတွေဆီစက်ဘီးစီးခရီးသွားဖို့ ပြင်ဆင်ကြတယ်ဗျ။ ဒဂုန်ဧရာကားဂိတ်ကနေပုသိမ်ထိဘတ်စ်ကားစီးမယ်။ နေ့လယ် ၁နာရီလောက်မှာ ပုသိမ်ကနေကမ်းခြေတွေဆီ် ၃ရက်ကြာစက်ဘီးစီးခရီးထွက်ကြမယ်။ ဒီလိုနဲ့အထုပ်အပိုးတွေတင်ပြီးစက်ဘီးစနင်းခဲ့ကြပါတယ်။ ပထမနေ့ခရီးကတော့လွယ်ပါတယ်၊ ကီလိုမီတာ ၆၀လောက်ပဲဝေးတဲ့ချောင်းသာကမ်းခြေကိုရောက်တယ်။ စိမ်းစိုလှပနေတဲ့နယ်မြေဟာတောင်တန်းတွေထူပြောပေမယ့်အလွန်မက်စောက်ခြင်းမရှိပါဘူး။ ကျနော်တို့သွားရာလမ်းရဲ့တဘက်တချက်မှာ ရော်ဘာစိုက်ခင်းတွေနဲ့ပြည့်နေလေရဲ့။ ရွာငယ်လေးတွေလည်းရှိပြီး ဒေသခံတွေကလည်းဖော်ရွေလှပါတယ်။ ချောင်းသာရောက်ဖို့ ၁၀ကီလိုမီတာလောက်ပဲလိုတော့တဲ့နေရာမှာ ချောင်းတခုကိုဖြတ်ထိုးထားတဲ့တံတားရှည်ကြီးတခုနားမှာအနားယူတယ်။ အနီးအနားကရွာသားတွေကရှေ့မှာဆင်ရိုင်းတွေနဲ့တွေ့နိုင်ကြောင်းသတင်းပေးလို့...

မြန်မာနိုင်ငံတောင်ပိုင်းမှလှိုဏ်ဂူသို့

0
စာရေးသူ Keith Lyons ဟာမြန်မာနိုင်ငံတောင်ပိုင်းကလူသူအရောက်အပေါက်နည်းတဲ့ လှိုဏ်ဂူတဂူအကြောင်း ပြောပြထားပါတယ်။ ဓာတ်ပုံတွေကိုတော့ David Van Driessche ကရိုက်ကူးထားပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းကိုစွန့်စားခန်းထွက်ပြီးနောက်ပိုင်းမှာတော့ လှိုဏ်ဂူတဂူကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီအမည်မသိလှိုဏ်ဂူရဲ့နေရာအတိအကျကိုတော့ ရှင်းရှင်းလင်းလင်းမသိခဲ့ဘူး။ ပြီးတော့အဲ့ဒီနေရာကို ဘယ်လောက်ကြာကြာသွားရမယ်ဆိုတာကိုလည်းမပြောတတ်ပါဘူး။ ကျနော့်အနေနဲ့ကပ္ပလီပင်လယ် (Andaman Sea) နဲ့နီးတဲ့မုတ္တမကွေ့ကမြို့လေးတမြို့ဆီကနေ သင်္ဘောနဲ့ခရီးတိုလေးတခုသွားရင်း လှိုဏ်ဂူဆီရောက်ခဲ့တာလို့ထင်တာပဲဗျ။ ကျနော်နဲ့အတူ ခရီးထွက်ရတာဝါသနာကြီးတဲ့ Bjorn Burchard နဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာတွေကို ဓာတ်ပုံရိုက်ရတာဝါသနာထုံတဲ့ David Van...

မလေးရှားမှကြိုဆိုပါ၏

0
By Min Ye Kyaw ရန်ကုန်ကနေ ၂နာရီခွဲလောက်လေယာဉ်စီးရုံနဲ့ရောက်နိုင်တဲ့ မလေးရှားနိုင်ငံဟာ လှပတဲ့ကမ်းခြေတွေ၊ မိုးသစ်တောတွေကြောင့်နာမည်ကြီးပါတယ်။ စနေ၊ တနင်္ဂနွေ ၂ရက်လောက်အတွင်းမှာ လည်ပတ်လို့ရတဲ့မလေးရှားနိုင်ငံရဲ့ထင်ရှားတဲ့ဒေသတွေနဲ့ Myanmore Plus ပရိသတ်တွေကိုမိတ်ဆက်ပေးချင်ပါတယ်။ အလုပ်ကိစ္စ၊ အစားအသောက်နဲ့ဈေးဝယ်ထွက်ဖို့အကောင်းဆုံး ကွာလာလမ်ပူ KL လို့လည်းသိကြတဲ့ ကွာလာလမ်ပူဟာမတူကွဲပြားမှုတွေယှဉ်တွဲတည်ရှိရာနေရာဖြစ်သလို အတိတ်ကယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ခေတ်မီမိုးမျှော်အဆောက်အအုံတွေ ရောနှောတည်ရှိရာလည်းဖြစ်ပါတယ်။ CNN ကတော့ KL ဟာကမ္ဘာပေါ်မှာ စတုတ္ထမြောက်ဈေးဝယ်ထွက်လို့အကောင်းဆုံးနေရာလို့ညွှန်းထားပါတယ်။ KL ဟာအစားအသောက်ချစ်သူတွေအတွက်တော့ နိဗ္ဗာန်ဘုံလေးတခုပါ။ Grab taxi service ကအောင်မြင်ပြီး...

ကြည်နူးပြုံးရွှင် ပုဂံခရီးစဉ်

0
By Nay Thiha တခေတ်တခါကသူငယ်ချင်းတွေမိသားစုဝင်တွေနဲ့ မိုနိုပိုလီတို့ မြွေလှေကားတို့ကစားရင်း ပျော်ရွှင်ခဲ့ရတာအားလုံးမှတ်မိကြမှာပါ။ တီဗီဂိမ်းနဲ့ကွန်ပျူတာပေါပေါများများမရှိသေးတဲ့ခေတ်မှာ အံစာတုံးလေးခေါက်ရင်းကစားရတဲ့board game တွေဟာ ကလေးဘ၀မှာအရေးပါတဲ့ကဏ္ဍကပါဝင်ခဲ့တာပေါ့။ ၂၀၁၀ခုနှစ်နောက်ပိုင်းစမတ်ဖုန်းတွေ အင်တာနက်ဂိမ်းတွေတွင်ကျယ်လာပြီးနောက် ချစ်သူခင်သူတွေကြား board game ကစားတဲ့ဓလေ့တဖြည်းဖြည်းနည်းပါးလာပါတယ်။ အခုချိန်မှာမှိန်ပျောက်လုနီးပါးဖြစ်နေတဲ့ board game ယဉ်ကျေးမှုကိုတဖန်ပြန်လည်ဆန်းသစ်စေမယ့်တီထွင်ဖန်တီးမှုတခုကိုမြင်တွေ့ခဲ့ရပါတယ်။ Blue Belu Game Studios...

သွားနေကျမဟုတ်သောခရီးများ…

0
လူသိများတဲ့ခရီးသွားဒေသတွေက လူသိပ်သွားလေ့မရှိတဲ့နေရာတွေအကြောင်းပါ။ မြန်မာနိုင်ငံမှာလည်ပတ်စရာနေရာများစွာရှိပေမယ့်လည်းခရီးသွားတွေဟာ ပုဂံ၊ အင်းလေးကန်၊ မန္တလေးလိုနာမည်ကြီးဒေသတွေဆီကိုသာထပ်တလဲလဲသွားမိလေ့ရှိပါတယ်။အဲ့ဒီနာမည်ကြီးဒေသတွေအနားမှာပဲ လည်ပတ်ကြည့်ရှုစရာတွေအများကြီးရှိပေမယ့် လူသိပ်သွားလေ့မရှိတဲ့ဒေသတွေရှိပါတယ်။ Khiri Travel Myanmar က MD Edwin Brielsဟာသူ့ရဲ့ ၁၅နှစ်တာခရီးသွားအတွေ့အကြုံကိုအခုလိုမျှဝေထားတယ်။ မန္တလေးရောက်တုန်းမှာ… ဧရာဝတီမြစ်၊ မင်းကွန်း၊ စစ်ကိုင်းနဲ့အင်းဝကိုလျှောက်လည်ပါ။ မန္တလေးကိုလူတိုင်းလိုလိုရောက်ဖူးကြပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်နဲ့ကမ်းနဖူးကဒေသတွေကိုတော့သွားရောက်လည်ပတ်တဲ့သူနည်းတယ်။ ရှေးဟောင်းသုတေသနနဲ့သမိုင်းဘာသာရပ်ကိုစိတ်ဝင်စားရင်တော့ လှေလေးစီးပြီးမင်းကွန်းကိုသွားပါ။ မင်းကွန်းပုထိုးတော်ကြီး၊ဆင်ဖြူမယ်ဘုရားနဲ့...

Shartra နှင့်သဘာဝကပေးသောဖက်ရှင်

0
By Issy D'Arcy Clark and Min Ye Kyaw Photographs by Kan Su Ho Shartra ဟာ TV talent shows ၂ခုမှာ winner ရထားပြီး​တော့ တဖြည်းဖြည်းနဲ့​အောင်​မြင်​လာတဲ့ designer တစ်​​ယောက်​ပါ။ Myanmar's International...

တိုင်းပြည်ငြိမ်းချမ်းဖို့ ခရီးသွားလုပ်ငန်းမြှင့်တင်စို့

0
By Issy D’Arcy Clark မြန်မာ့ခရီးသွားအဖွဲ့အစည်းရဲ့ အသင်းဝင်တစ်ဦးဖြစ်ပြီး လက်ရှိ ဥက္ကဋ္ဌဖြစ်သည့်အလျောက် ဦးသက်လွင်တိုးဟာ ခရီးသွားလုပ်ငန်းရဲ့ အပြောင်းအလဲများစွာကို နှစ်ပေါင်းများစွာ တွေ့မြင်ခဲ့ရပါတယ်။ သူဟာ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း နိုင်ငံတို့ဆီ ဘုရားဖူးပို့ဆောင်ပေးသော ခရီးသွားလုပ်ငန်းကုမ္ပဏီကို ၁၉၉၃ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရှေ့ဆောင်လမ်းပြ ပြည်ပခရီးသွားကိုယ်စားလှယ်တစ်ဦး...

ရှမ်းပြည့်ရုပ်ပုံလွှာ

0
ခရီးသွားဆောင်းပါးရှင် Barry J Atkinson ဟာ ရှမ်းပြည်နယ်မှာရှိတဲ့လူမျိုးစုနှစ်စုရဲ့အကြောင်းကိုစကားလုံးနဲ့ဓာတ်ပုံတွေကတဆင့်ပြောပြထားပါတယ်။ အမ်းလူမျိုးစု​တွေဟာ အရှက်​အ​ကြောက်​ကြီးပြီး ​တော့ ကျိုင်းတုံမြို့နားက မက်​​စောက်​တဲ့ ကမ်းပါး​တွေမှာ အုပ်​စုဖွဲ့ပြီး သီးခြား​နေ​လေ့ရှိပါတယ်​။  သမိုင်းအရ​တော့ သူတို့​တွေဟာ အုပ်​စုဖွဲ့အမဲလိုက်​ကြပြီး​တော့ ​နေ၊​ ရေ​၊​ လေ၊ သတ္တ၀ိညာဉ်၊ အပင်​ တို့ကိုကိုးကွယ်တဲ့ နတ်ကိုးကွယ်မှုဓလေ့ထွန်းကားပါတယ်။ အကြီးအကဲက ​နေ့စဉ်​​နေ့တိုင်းဆုံးဖြတ်​ချက်​ချ​ပေးတာတို့...

ဧရာဝတီမြစ်ကမ်းမှဘ၀များ

0
ဆောင်းပါးရှင် Barry J Atkinson ဟာဧရာဝတီမြစ်တခွင်ကလူနေမှုပုံစံတွေအကြောင်း စကားလုံးနဲ့ဓာတ်ပုံတွေကနေတဆင့် ပြောပြထားပါတယ်။ ကမ္ဘာတ၀ှမ်းမှာလူသူအရောက်အပေါက်နည်းတဲ့နယ်မြေဒေသဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှကထင်ရှားတဲ့ခရီးသွားဒေသတစ်ခုဖြစ်ပေမယ့်လည်း လူသိနည်းတဲ့စိတ်ဝင်စားစရာဒေသတွေတော်တော်များများရှိနေပါသေးတယ်။ ပုဂံ၊ မန္တလေး၊ ငပလီ၊ အင်းလေး၊ ရန်ကုန်စတဲ့ဒေသများဟာ နိုင်ငံတကာကခရီးသွားများကိုအဓိကဆွဲဆောင်နိုင်တဲ့နေရာတွေပါ။ အဲ့ဒီလူသိများအရပ်ဒေသတွေကိုဆက်သွယ်ပေးထားတာကတော့ လှပပြီးကျက်သရေရှိလှတဲ့ဧရာဝတီမြစ်ကြီးဖြစ်ပါတယ်။ ဧရာဝတီဟာမြောက်မှတောင်သို့သွယ်တန်းစီးဆင်းလျက်ရှိပြီး မြစ်ရဲ့အလှကိုကြည့်ရှုခံစားဖို့အတွက်ဆိုရင်တော့ စက်လှေနဲ့သွားတာအကောင်းဆုံးပါပဲ။ ၂၀၁၆ခုနှစ်ကစတင်တည်ထောင်တဲ့ Irrawaddy...