ရန်ကုန်မှာမကြာခင်ကမှဖွင့်လိုက်တဲ့ဆိုင်သစ် ၅ဆိုင်
ဒီပိတ်ရက်ရန်ကုန်မှာပဲရှိနေမယ့်သူတွေအတွက် chill လို့ရအောင် ဆိုင်သစ်လေး ၅ဆိုင်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်အားလပ်ရက်မှာအားလုံးပဲဘေးရန်ကင်းကွာပြီးပျော်ရွှင်ပါစေနော်။ Aji 51 Rooftop Lounge မကြာခင်ကမှဖွင့်လှစ်လိုက်တဲ့ rooftop ဘားဖြစ်ပါတယ်။ ဂျပန်အစားအသောက်တွေနဲ့ ဂျပန်စတိုင်ကော့တေးတွေရပါတယ်။ ၁၄လွှာမှာဖွင့်ထားတာမို့လို့ view ကတော့တော်တော်မိုက်တယ်။ အမှတ် ၅၁ (ဃ)၊ ၁၄လွှာ၊ Hotel S.Y.H.၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်။09 256...
အမှတ်တရတွေဖန်တီးနိုင်မယ့်စားသောက်ဆိုင် ၁၀ဆိုင်
Delivery နဲ့မှာစားလို့ရတာပဲဘာလို့ဆိုင်မှာထိုင်စားနေမှာလဲလို့ပြောတဲ့သူတွေ့ရင်ဒီဆိုင်လေးတွေကိုလက်ညှိုးထိုးပြလိုက်ပါ။ ဒီဆိုင်လေးတွေမှာစားသုံးခြင်းဟာဗိုက်ပြည့်ဖို့တင်မဟုတ်ဘဲမမေ့နိုင်စရာအမှတ်တရလေးတွေဖန်တီးဖို့လည်းပါပါတယ်။ Fine dining တွေလည်းပါသလို ဈေးသက်သက်သာသာနဲ့စားသုံးနိုင်မယ့်ဆိုင်လေးတွေလည်းထည့်ပေးထားပါတယ်။ SEEDS ၂၀၁၇မှာစဖွင့်တဲ့ SEEDS ဟာရန်ကုန်ရဲ့အလှဆုံးစားသောက်ဆိုင်တွေထဲကတခုပါ။ ကြာတွေအပြည့်နဲ့ရေကန်လေးရယ်၊ စိမ်းစိုနေတဲ့ခြံဝင်းလေးရယ်၊ အရသာကအစအပြင်အဆင်အဆုံးအနုစိတ်လှပနေတဲ့ fine dining ဟင်းလျာတွေရယ်ပေါင်းလိုက်တော့ အမှတ်တရလေးတခုဖြစ်သွားတာပေါ့။ ဈေးကြီးတယ်လို့ထင်ရပေမယ့် ပြန်ရလိုက်တဲ့တန်ဖိုးကတော့မမေ့နိုင်စရာပါပဲ။ အမှတ် ၆၃(က)၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။09...
ဒီဆိုင်လေးတွေရောက်ပြီးပြီလား
ပိတ်ရက်မှာ တယောက်တည်း chill ဖို့ပဲဖြစ်ဖြစ် ဘော်ဒါတွေနဲ့ hangout လုပ်ဖို့ပဲဖြစ်ဖြစ် ဆိုင်အသစ်လေးတွေရှာနေတယ်ဆိုရင်ဒီ post ကိုသာဖတ်ကြည့်လိုက်နော်။ TGIF! Cafe JJ ကော်ဖီဆိုင်လှလှလေးမှာသူငယ်ချင်းတွေနဲ့ hang out လုပ်ရတာကျန်းမားရေးကိုအထူးကောင်းမွန်စေပါတယ်။ Cafe JJ ကနေအရမ်းလှတဲ့ကန်တော်ကြီးရှုခင်းကိုလည်းလှမ်းမြင်ရသေးတယ်။ ကော်ဖီ၊ ဥရောပအစားအစာတွေအပြင် smoothie တွေလည်းရပါတယ်။ အမှတ် ၄၄ (ခ)၊...
ဒီပိတ်ရက်မှာသွားသင့်တဲ့ဆိုင်သစ် ၅ဆိုင်
ပိတ်ရက်မှာ hangout လုပ်ဖို့နေရာသစ်ရှာနေသူတွေအတွက်ရန်ကုန်မှာမကြာသေးခင်ကမှအသစ်ဖွင့်တဲ့စားသောက်ဆိုင်လေး ၅ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Breeze Cafe ကော်ဖီဆိုင်ဆိုတာထက်ကျေးလက်အပန်းဖြေစခန်းလေးနဲ့တူတဲ့ဒီဆိုင်လေးက အောက်တိုဘာ ၈ရက်နေ့ကမှစဖွင့်တာပါ။ Soft opening ကာလမို့ menu တွေကတော့သိပ်မစုံသေးဘဲကိတ်မုန့်နဲ့ကော်ဖီ၊ အချိုရည်လောက်ပဲရသေးတယ်။ ဒါပေမယ့်နေရာလေးကတအားလှတယ်။ နာမည်နဲ့လိုက်အောင်လေပြေလေးတဖြူးဖြူးနဲ့ chill လို့ကောင်းပြီး ဓာတ်ပုံရိုက်လို့လည်းလှမယ့်နေရာလေးမို့ညွှန်းပေးလိုက်ပါတယ်။ ခြံအမှတ် ၁၀၁၊ ကျောက်စိမ်းပတ်လမ်း၊ ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း (ဘုရားကြီးဘက်)၊ မြောက်ဥက္ကလာပမြို့နယ်၊...
မကြာခင်ကမှဖွင့်တဲ့ဆိုင်သစ် ၅ဆိုင်
အခုပိတ်ရက်ရန်ကုန်မှာပဲရှိမယ့်သူတွေအတွက်မကြာခင်ကမှအသစ်ဖွင့်တဲ့ဆိုင်လေး ၅ဆိုင်အကြောင်းဖော်ပြပေးလိုက်ပါတယ်။ The Sake Bros ဂျပန်က Izakaya ပျော်ပွဲစားရုံလေးတွေရဲ့ vibe အတိုင်းဖွင့်လှစ်ထားတဲ့ဒီဆိုင်လေးကိုကောရောက်ပြီးကြပြီလား။ ဂျပန်အစားအသောက်တွေအပြင် ဂျပန်ရိုးရာအငွေ့အသက်တွေလွှမ်းနေတဲ့ကော့တေးတွေလည်းရပါတယ်။ အမှတ် ၈၆(က)၊ ရှင်စောပုလမ်း၊ စမ်းချောင်း၊ ရန်ကုန်။09 44 22222 7310am – 9pm JK Foods စဉ့်အိုးနဲ့ကင်တဲ့ကြက်ကင်ဘဲကင်ကြိုက်တဲ့သူတွေအတွက်သတင်းကောင်း။ ဆိုင်ဖွင့်တဲ့အထိမ်းအမှတ်နဲ့ အောက်တိုဘာလ ၁၀ရက်နေ့အထိ ၁၀ရာခိုင်နှုန်းလျှော့ပေးဦးမှာတဲ့နော်။ ဆိုင်ခန်းအမှတ်(D/E)၊...
တိုင်းရင်းသားစားသောက်ဆိုင်ရဲ့ ၇၀၀၀ တန်ဘူဖေးမနက်စာ
မနက်စာကိုရှင်ဘုရင်လိုစားချင်တဲ့သူတွေအတွက်တိုင်းရင်းသားစားသောက်ဆိုင်ရဲ့ဘူဖေးမနက်စာအကြောင်းပြောပြပေးချင်ပါတယ်။ ပထမဆုံးပြောချင်တာကဘူဖေးက ၇၀၀၀ ပေမယ့် tax + service charge ထည့်ပေါင်းရင်တော့ ၈၀၀၀ ကျတယ်ဆိုတာပါ။ ဘူဖေးကအပတ်စဉ် ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေနေ့ မနက် ၇နာရီကနေ ၁၁နာရီအတွင်းရပါတယ်။ မီနူးတခုမှာအစားအသောက်ပေါင်း ၁၅မျိုးလောက်ပါတတ်ပြီး မီနူးတွေကအမြဲလိုလိုပြောင်းတတ်တဲ့အတွက်ကျနော်အရင်အပတ်စနေနေ့ကစားခဲ့တဲ့မီနူးဟာ ဒီအပတ်စနေနေ့နဲ့တူချင်မှတူပါလိမ့်မယ်။ ဘူဖေးမစခင် တရက် ၂ရက်အလိုမှာ...
ပိတ်ရက်မှာသွားကြည့်သင့်တဲ့ဆိုင်သစ် ၅ဆိုင်
ဒီအပတ်ပိတ်ရက်ကလစာထုတ်ရက်နဲ့လည်းတိုက်ဆိုင်နေတာမို့ ဘော်ဒါတွေနဲ့ပဲဖြစ်ဖြစ် တယောက်တည်းပဲဖြစ်ဖြစ် chill လို့ကောင်းမယ့်ဆိုင်အသစ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ TGIF! Coffee Sine - ကော်ဖီဆိုင် ကော်ဖီဆိုင်လို့ပဲရိုးရိုးလေးနာမည်ပေးထားတဲ့ဒီဆိုင်လေးကဒီအပတ်ကမှစဖွင့်တာပါ။ အတွင်းခန်းမှာလည်းထိုင်လို့ရသလို အပြင်ဘက်မှာလည်းခုံလေးတွေရှိတယ်။ ကော်ဖီနဲ့ soft drink တွေရပြီးဈေးနှုန်းကတော့ ကျပ် ၂၅၀၀-၃၀၀၀ ဝန်းကျင်ရှိပါတယ်။ စားစရာတွေထဲမှာတော့လက်ဖက်သုပ်ကနေ croissant အထိရတာမို့တော်တော်စုံတယ်ပြောရမယ်။ ဆိုင်လေးက retro ဆန်ဆန်ဆင်ထားတာမို့ဓာတ်ပုံရိုက်ရင်တော်တော်လှမယ့်နေရာလေးပါ။ အမှတ်...
Prime Grill Mediterranean Restaurant Review
Prime Grill ကိုသိတာအရင်နဝဒေးလမ်းမှာဖွင့်ထားတဲ့အချိန်ကတည်းကပါ။ ရန်ကုန်မှာကမြေထဲပင်လယ်အစားအစာရောင်းတဲ့ဆိုင်တွေရှားတော့ အဲ့ဒီကတည်းကသတိထားမိနေခဲ့သလို မကြာခဏလည်းသွားစားဖြစ်တယ်။ အခုနေရာအသစ်မှာပြောင်းဖွင့်ပြီးနောက်ပိုင်းပထမဆုံးအနေနဲ့ ဗုဒဟူးနေ့ကသွားစားဖြစ်ခဲ့ပါတယ်။ ဆိုင်ကအရင်ကထက်ပိုကျယ်သလိုပိုလည်းလှလာတယ်။ အပြာရောင်လွင်လွင်လေးတွေသုံးထားတော့ မျက်စိပသာဒလည်းဖြစ်သလို ဓာတ်ပုံရိုက်လို့လည်းလှတယ်။ ဒါကြောင့် Facebook မှာရေပန်းစားနေတာ ဆန်းတော့မဆန်းဘူး။ ကျနော်ရောက်သွားတာနေ့လယ်ဘက်ဆိုတော့စားမြိန်စာတွေ salad တွေစားမနေတော့ဘဲ နေ့လယ်စာအတွက်ပဲရည်ရွယ်ပြီးမှာလိုက်ပါတယ်။ ပထမဆုံးရောက်လာတာက Garden Vegetable Soup (Ks3,800) ပါ။...
ပိတ်ရက်မှာသွားထိုင်သင့်တဲ့ကော်ဖီဆိုင်သစ် ၅ဆိုင်
အခုပိတ်ရက်မှာတယောက်တည်းအေးအေးလူလူထိုင်ချင်လို့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ hangout လုပ်ဖို့ပဲဖြစ်ဖြစ် ကော်ဖီဆိုင်လေးတဆိုင်ရှာနေတဲ့သူတွေအတွက် ဖွင့်တာသိပ်မကြာသေးတဲ့ဆိုင်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တချို့ဆိုင်တွေက ဖွင့်တာ ၁လလောက်ပဲရှိသေးပြီး တချို့ကျ ၁ပတ်တောင်မပြည့်သေးပါဘူး။ ဒါကြောင့်ကော်ဖီနဲ့အစားအသောက်လေးတွေမြည်းစမ်းကြည့်ပြီး ဆိုင်ရှင်တွေကို feedback ပေးရင်း small business တွေကိုအားပေးရအောင်နော်။ Booboo Café ဒါကတော့ဗုဒ္ဓဟူးနေ့ကမှ soft opening အနေနဲ့စဖွင့်တဲ့ဆိုင်လေးမို့အငယ်ဆုံးလေးလို့ပြောရမယ်။ ဆိုင်...
ကြွပ်ကြွပ်ရွရွ နံပြား
နံပြား ကြွပ်ကြွပ်ရွရွ နံပြား..မနက်ခင်းရောက်ရင် နံပြားနဲ့ပဲပြုတ်၊ နံပြားထောပတ်သုတ်ဆိုတာ မြန်မာတွေအလွန်ကြိုက်တဲ့ အစားအစာပါ။ ပလာတာတွေ၊စမူဆာတွေက လုပ်ရလွယ်ပေမယ့် ကယ်လိုရီများပါတယ်။ နံပြားကတော့ နံပြားဖိုလိုအပ်ပြီး ကယ်လိုရီနည်းပါတယ်။ တကယ်တန်းကျန်းမာရေးနဲ့ညီညွတ်တာ နံပြားပါ။ နံပြားကို အိန္ဒိယမှာ အများဆုံးစားသုံးကြပါတယ်။ 'Naan' ဆိုတဲ့စကားလုံးကို ဝီလျံတွတ်ရဲ့ ၁၈၀၃ခုနှစ် ခရီးသွားမှတ်တမ်းမှာ ပထမဆုံးတွေ့ခဲ့ရပါတယ်။ ပါရှားစကားလုံး 'Nān'...










