မီတာ ၃၀၀ အမြင့်ကမိုးပျံတံတား‌ေပါ်မှာဖွင့်လှစ်သွားမယ့်ရှုခင်း‌မျှော်စင်

0
တရုတ်နိုင်ငံရဲ့် ဆွဲ‌ေဆာင်မှုအရှိဆုံး‌ေသာလည်ပတ်စရာ‌ေနရာသစ်တွေထဲကတစ်ခုဖြစ်‌တဲ့ မှန်ခင်းမိုးပျံတံတား "The Crystal" ပေါ်မှာတော့ ရှုခင်းကြည့်စင်တစ်ခုကို တည်ဆောက်ဖွင့်လှစ်လိုက်ပါပြီ။ "The Crystal" ဆိုတာ Chongqing မြို့မှာရှိ‌ေနတဲ့ မီတာ ၃၀၀ အမြင့်ရှိမိုးမျှော်တိုက် ၄ လုံး‌ေပါ်မှာဖြတ်သန်းတည်‌ေဆာက်ပြီး မီတာ ၃၅၀ အလျားရှိတဲ့ မှန်ခင်းတံတားရဲ့အမည်ပါ။ မိုးမျှော်တိုက်လုံးရေအများဆုံးနဲ့တွဲလျက်တည်ဆောက်ထားတဲ့ ကမ္ဘာ့အမြင့်ဆုံးမိုးပျံတံတား ဆိုတဲ့ဂုဏ်ပုဒ်ကိုရထားတဲ့...

ပြည်တွင်းဖြစ်သီးနှံတွေအားပေးရင်းတောင်သူတွေကိုကူညီရအောင်

Covid-19 ကပ်ရောဂါကြောင့်ထိခိုက်နစ်နာရတဲ့လုပ်ငန်းတွေထဲမှာ လယ်ယာလုပ်ငန်းလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံကတောင်သူလယ်သမားတွေနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်နေတဲ့ OrganicValley ကမကြေးမုံလွင်နဲ့ လယ်ယာလုပ်ငန်းအခြေအနေအကြောင်းစကားပြောဖြစ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ် မေလ ၂၀ရက်နေ့မှစတင်ခဲ့တဲ့ OrganicValley ဟာ ဓာတုဆေးဝါးနဲ့ဓာတ်မြေသြဇာတွေမသုံးဘဲ စိုက်ပျိုးထားတဲ့သီးနှံတွေကိုနယ်အသီးသီးကစိုက်ပျိုးရေးသမားတွေနဲ့ချိတ်ဆက်ပြီး ရန်ကုန်ကစားသောက်ဆိုင်နဲ့ ဟိုတယ်တွေဆီဖြန့်ချီနေခဲ့တာပါ။ ယခင်ကဆိုရင် ရုံးပိတ်ရက်တွေမှာခြံထွက်ပစ္စည်းတွေလက်လီရောင်းချတဲ့ တောင်သူလယ်သမားဈေး (Farmers’ Market) ကိုပုံမှန်ကျင်းပလေ့ရှိပါတယ်။ Covid-19 ဖြစ်ပြီးနောက် ဒီဈေးလေးမလုပ်ဖြစ်တာလည်း...

အကောင်းမြင်စိတ်နဲ့စိတ်ဓာတ်ခိုင်မာမှုကိုဘယ်လိုမွေးမြူမလဲ

ချစ်ခင်ရပါတဲ့ BSY မိသားစုဝင်များခင်ဗျား ဒီစာကိုဘယ်နေရာကနေ ဖတ်နေတာဖြစ်ပါစေ အားလုံးအနေနဲ့ လုံခြုံမှု၊ ပျော်ရွှင်မှု၊ ကျန်းမာခြင်းများနဲ့ အထူးသဖြင့်အကောင်းမြင်မှုတွေနဲ့အတူ ရှိနေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ အကောင်းမြင်ခြင်း (သို့) အပြုသဘောဆောင်ခြင်း ဆိုတဲ့ အရာကိုမွေးရာပါလို့ထင်မှတ်တတ်ကြပါတယ်။ “သူမက အကောင်းမြင်တတ်သူပဲ” သို့မဟုတ် “သူကတော့ အားလုံးကိုအဆိုးမြင်နေတဲ့လူပဲ” ဆိုတာမျိုးတွေပေါ့။ ဒါက...

သစ်သားလက်ဆေးစက်တီထွင်ခဲ့တဲ့ကင်ညာကလေးငယ် Presidential Award ချီးမြှင့်ခံရ

Kenya နိုင်ငံအနောက်ပိုင်း Bungoma County မှာနေထိုင်တဲ့ အသက် ၉ နှစ်အရွယ်ကလေးငယ် Stephen Wamukota ဟာ သူ့ရဲ့ တီထွင်ဖန်တီးမှုစွမ်းရည်အတွက် သမ္မတက‌ေပးအပ်တဲ့ဆုကိုရရှိခဲ့ပြီး ကင်ညာသမ္မတ Uhuru Kenyatta ‌ေပးတဲ့ဆုရရှိသူ 68 ဦးထဲက အသက်အငယ်ဆုံးဆုရရှိသူ ဖြစ်လာခဲ့ပါတယ်။ Wamukota ဟာ Covid-19...

“George Floyd ရဲ့ သမီးငယ်‌‌အတွက် ပညာရေးစရိတ်‌ေထာက်ပံ့ပေးသွားမယ့် ရက်ပ်ပါ Kanye West

မကြာသေးခင်ကမှ ရဲတပ်ဖွဲ့ဝင်‌ေတွရဲ့ ဖမ်းဆီးနှိပ်စက်မှု‌ေကြာင့်အသက်ဆုံးရှုံးသွားခဲ့သူ Minneapolis မြို့‌သား George Floyd နဲ့ အလားတူအဖြစ်မျိုးကြုံခဲ့ရတဲ့ Ahmaud Arbery နဲ့ Breonna Taylor တို့ရဲ့မိသားစုဝင်တွေအတွက် နာမည်ကျော်အမေရိကန်ရက်ပ်ပါ Kanye West က ကန်ဒေါ်လာ 2 သန်းထောက်ပံ့ကူညီ‌ေပးခဲ့‌ေကြာင်းသိရပါတယ်။ အဲဒီထောက်ပံ့ကူညီငွေကို Arbery...

လူတွေကိုယုံစားမိလို့အသက်ပေးလိုက်ရတဲ့ဆင်မလေး

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာဗြောက်အိုးထည့်ထားတဲ့နာနတ်သီးစားမိလို့ ဇီးနဲ့ဆင်မလေးတကောင်သေဆုံးသွားရတဲ့အကြောင်းစာဖတ်ပရိသတ်တော်တော်များများ social media ပေါ်မှာတွေ့မိပါလိမ့်မယ်။ ဒီဆင်မလေးကိုဘယ်သူကနာနတ်သီးကျွေးလိုက်တာလဲ။ တရားခံတွေကိုဘယ်လိုစုံစမ်းဖော်ထုတ်နေလဲ။ မေလ ၂၇ရက်နေ့မှာ ကီရာလာပြည်နယ် ဗယ်လိယာမြစ် (Velliyar River) ထဲဆင်တကောင်ရပ်လျက်သေဆုံးနေတာကိုဒေသခံတွေတွေ့ရှိခဲ့ပါတယ်။ တာဝန်ရှိသူတွေကဆက်လက်စုံစမ်းကြည့်တော့ ဒီဆင်မလေးဟာ Silent Valley အမျိုးသားဥယျာဉ် အနီးတဝိုက်မှာဆောက်တည်ရာမရပြေးလွှားရင်းအော်ဟစ်မြည်တမ်းနေတာ ရက် ၂၀လောက်ရှိပြီလို့ဒေသခံတွေကပြောပါတယ်။ ဆင်မလေးရဲ့အလောင်းကိုစစ်ဆေးကြည့်တော့အာခံတွင်းမှာအပူလောင်သလိုဒဏ်ရာတွေတွေ့တဲ့အတွက် ဗြောက်အိုးထည့်ထားတဲ့နာနတ်သီးစားမိတာဖြစ်နိုင်ကြောင်း ဇွန်လ...

ရိုက်လက်စရိုက်ကွင်းကနေ ရုတ်တရက်နှုတ်ဆက်ထွက်ခွာခဲ့ရဖူးတဲ့ နာမည်ကြီးသရုပ်ဆောင်များး

0
ရုပ်ရှင်ကား‌ေကာင်းတစ်ကားကိုရိုက်ကူးဖန်တီးဖို့ဆိုတာ ခက်ခဲနက်နဲလွန်းတဲ့အလုပ်တစ်ခုဖြစ်သလို အဘက်ဘက်ကပြီးပြည့်စုံ‌‌ေနပါမှလည်း ဖြစ်မြောက်လာနိုင်တဲ့ကိစ္စပါ။ တစ်ခါတလေ ယ ရုပ်ရှင်ရိုက်ကူး‌ေရးမှာပါဝင်‌ေနတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ တစ်ဦးဦး‌ေကြာင့်‌အလွဲအမှားတစ်ခုခုဖြစ်သွားလို့ ဆုံးရှုံးလိုက်ရမှာ‌ေတွကလည်း အများသားပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ကွင်းမှာ တစ်ခုခုလွဲမှားလုပ်မိလိုက်တဲ့ဘယ်သူမဆို (Mega Star တစ်ဦးပင်ဖြစ်နေ‌ပါစေ) ရိုက်ကူးရေးလုပ်ငန်းစဥ်ထဲကထုတ်ပယ်ခြင်းကို ခံလိုက်ရနိုင်ပါတယ်။ အခုဖော်ပြပေးလိုက်တာကလည်း ရုပ်ရှင်ရိုက်ကူးလက်စအချိန်အတွင်းမှာတင် အကြောင်းအမျိုးမျိုးကြောင့်ထုတ်ပယ်ခံရ/ နုတ်ထွက်ခဲ့ရတဲ့...

ဆေးရုံ‌တက် Covid-19 လူနာ‌မရှိ၊ Case အသစ်‌လည်းထပ်မ‌ေတွ့‌ရ‌ေတာ့တဲ့ နယူးဇီလန်ရဲ့အခြေအနေ

နယူးဇီလန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက‌ေတာ့ နိုင်ငံတွင်းကဆေးရုံတွေ‌‌မှာ coronavirus လူနာတစ်ဦးတစ်‌ေယာက်မျှမရှိ‌ေန‌ေတာ့သလို နောက်ဆုံး ၅ ရက်ဆက်တိုက်မှာလည်း ကူးစက်မှုအသစ်ထပ်မံမတွေ့ရ‌ေကြာင်း ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အက်ခ်လန်းဆေးရုံမှာ ဆေးကုသမှုခံယူ‌‌ေနတဲ့‌ Coronavirus ကူးစက်ခံနောက်ဆုံးလူနာဟာလည်း နေပြန်ကောင်းလာတာ‌ေကြာင့် ဆေးရုံကဆင်းခွင့်ရသွားပါပြီ။ နယူးဇီလန်အာဏာပိုင်‌ေတွဟာ နိုင်ငံတွင်းပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရမှုကို 2020 February 26 ရက်နေ့မှာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီ‌ေနာက်ပိုင်း March...

ဒေါ်နယ်ထရမ့်ပ်လက်ထက်မှာပိုပြီးပြင်းထန်လာတဲ့ လူဖြူ လူမည်းပဋိပက္ခ

အမေရိကန်နိုင်ငံ၊ မင်နီယာနာပူးလစ်မြို့မှာ ရဲတပ်ဖွဲ့ဝင် တစ်‌ယောက်က George Floyd လို့ခေါ်တဲ့ လူမည်းအမျိုးသားတဦးကိုဖမ်းဆီးစဉ် လည်ပင်းကို ဒူးနဲ့ဖိထားရာက အမျိုးသားဟာ အသက်ရှူမရပဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ရုပ်သံဖိုင် online မှာ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် သမ္မတ‌ေဒါ်နယ်ထရမ့်ပ် က ရဲတွေကို အလုပ်ဖြုတ်ပစ်ကာ စုံစမ်းစစ်ဆေးဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပါတယ်။...

WFH ဝန်ထမ်း‌ေတွရဲ့ အိမ်ငှားရမ်းခစရိတ်အတွက်အလုပ်ရှင်ဘက်က စိုက်ထုတ်ကျခံပေးလာရဖို့ရှိ

Working From Home နဲ့ အလုပ်လုပ်ရမယ့်ဝန်ထမ်းရဲ့အိမ်ငှားရမ်းခကုန်ကျစရိတ်အတွက် အလုပ်ရှင်က စိုက်ထုတ်ကျခံ‌ေပးရမယ့်စည်းမျဥ်းတစ်ရပ်ကို Switzerland နိုင်ငံရဲ့အဆင့်မြင့်တရားရုံးတစ်ခုက ချမှတ်လိုက်တယ်လို့ German သတင်းစာ Tages-Anzeiger က ဖော်ပြလိုက်ပါတယ်။ ဆွစ်ဇာလန်ဖက်ဒရယ်တရားရုံးရဲ့ အဲဒီလိုစည်းမျဥ်းချမှတ်မှုကို အများပြည်သူထံထုတ်ပြန်‌ခြင်း‌ေတာ့မရှိ‌ေသးပါဘူး။ ဝန်ထမ်းရဲ့အိမ်ငှားခကုန်ကျစရိတ်အတွက် အလုပ်ရှင်ဘက်က $ 154 ကို လစဉ်ပြန်လည်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ အလုပ်ရှင်ရဲ့...