အိုင်းရစ်ရှ်ပန်းချီဆရာ – ခေတ္တမြန်မာ
၁၈၇၉ ကနေ ၁၉၇၂ အထိနေထိုင်သွားခဲ့တဲ့ အိုင်းရစ်ရှ်ပန်းချီဆရာ Sir Gerald Festus Kelly ဟာသူရေးဆွဲခဲ့တဲ့ မြန်မာသဘင်သည်တွေနဲ့ ရှမ်းမင်းသမီးတွေရဲ့ပုံတူပန်းချီကားတွေကြောင့် နာမည်ကျော်ကြားခဲ့ပါတယ်။ ချမ်းသာကြွယ်ဝတဲ့မိဘ ၂ပါးကမွေးဖွားခဲ့တဲ့ Kelly ဟာ Eton နဲ့ Cambridge တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တယ်။ အသက် ၂၂နှစ်အရွယ်ရောက်တဲ့အခါမှာ ပန်းချီဆရာအကျော်အမော်များစွာမွေးထုတ်ပေးခဲ့တဲ့ပါရီမြို့မှာ...
“မြို့ပြကောက်ကြောင်းများ”
ရန်ကုန်ရဲ့ လမ်းမတွေပေါ်မှာ ခြေဦးတည့်သလိုလျှောက်သွားရင်း ပုံကြမ်းပန်းချီ (Sketch) တွေရေးလေ့ရှိတဲ့ sketch artist တစ်စုကို တွေ့မိဖူးပါသလား...။ အမြဲလူရှုပ်ထွေးဆူညံနေတတ်တဲ့ဈေးတန်းတွေရဲ့မြင်ကွင်း၊ ငြိမ်သက်တိတ်ဆိတ်နေတဲ့ အထင်ကရရှေးအမွေအနှစ်အဆောက်အဦတွေရဲ့ခန့်ထည်နေတဲ့မြင်ကွင်းတွေရဲ့သရုပ်သကန်ကို သူတို့ရဲ့ ပုံကြမ်းပန်းချီတွေထဲမှာ မိအောင်ဖမ်းယူရေးခြစ်ကြသူတွေပါ။ အဲဒီ sketch artist တွေထဲက ၂ ဦးနဲ့ ဆုံမိခိုက်မှာ ကိုနေသီဟ...
Sassy Bound ရဲ့ကမ္ဘာ
Joosk
Studio ရဲ့Sassy Bound တကွက်ကာတွန်းလေးတွေဟာ Facebook ပေါ်မှာရေပန်းစားနေတာကြာပါပြီ။
ဒီဇင်ဘာလ ၁၄-၁၅က Gallery 65 မှာကျင်းပခဲ့တဲ့ Joosk ရဲ့ ၅နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ
သူတို့ရဲ့ဖြတ်သန်းမှု၊ အတွေးအမြင်နဲ့အနာဂတ်အစီအစဉ်တွေအကြောင်းမေးမြန်းဖြစ်ခဲ့ပါတယ်။ စနေနေ့က
Gallery 65 ကိုရောက်သွားတော့အမြဲလိုလိုဆီဆေး ရေဆေးပန်းချီကားတွေနဲ့ပြည့်နေတတ်တဲ့ ပန်းချီပြခန်းမှာဆန်းသစ်တဲ့ကာတွန်းဇာတ်ကောင်ဒီဇိုင်းတွေ
ရိုးရှင်းတဲ့ခဲခြစ်ပုံလေးတွေကနေရာယူထားတယ်။ ဒီပွဲမှာ Joosk ရဲ့ဖန်တီးမှုတွေနဲ့ သူတို့စီစဉ်နေတဲ့
animation ရုပ်ရှင်ကားရဲ့ concept...
Leonardo ပန်းချီကားများရန်ကုန်တွင်ပြသ
Leonardo da Vinci ကွယ်လွန်ခြင်း နှစ် ၅၀၀ပြည့် အထိမ်းအမှတ်အနေဖြင့် အီတလီသံရုံးမှကြီးမှူးကျင်းပတဲ့ “Leonardo Opera Omnia” ပြပွဲကို Rosewood Yangon မှာ နိုဝင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိကျင်းပသွားမှာပါ။ စိတ်ဝင်စားသူများအနေဖြင့် မနက် ၁၀နာရီမှ ညနေ ၅နာရီအထိဝင်ကြေးအခမဲ့ဖြင့်လေ့လာနိုင်ပါတယ်။ ...
သူမအကြောင်း
လူမှုအသိုင်းအ၀ိုင်းကအဖြစ်အပျက်တွေကို
ဓာတ်ပုံဆရာခံစားမိတဲ့အတိုင်း ပြည်သူတွေကိုပြန်ပြောပြဖို့အတွက် ၀ါသနာတူအမျိုးသမီးဓာတ်ပုံဆရာ
၅ယောက်ပူးပေါင်းရင်း Thuma Collective ရယ်လို့ဖြစ်လာတယ်။ ဒီအဖွဲ့က သတင်းဓာတ်ပုံပညာ
(သို့) အလှဓာတ်ပုံပညာနဲ့မသက်ဆိုင်ဘဲ စိတ်ခံစားချက်နဲ့ တကိုယ်ရည်အတွေ့အကြုံ အတွေးအမြင်တွေကိုဓာတ်ပုံတွေကတဆင့်ဖော်ပြဖို့ရည်ရွယ်ပါတယ်။ “Thuma Collective ကိုလွန်ခဲ့တဲ့ ၂နှစ်လောက်ကစတင်ဖွဲ့စည်းခဲ့တာပါ။ အခု Disclosure ကတော့ကျမတို့ရဲ့ ဒုတိယပြပွဲပေါ့။ ၂၀၁၈ခုနှစ်မှာ Us and Beyond ဆိုတဲ့ပွဲလေးလုပ်ဖူးပါတယ်”...
နံရံတွေဖြိုပါ တံတားများခင်းပါ
Tourist Burma Building မှာပြည်တွင်းပြည်ပလူငယ်အနုပညာရှင်တွေစုပေါင်းကျင်းပတဲ့
Building Bridges Yangon ပြပွဲကိုတော်တော်များများလည်းသွားရောက်လေ့လာပြီးဖြစ်မှာပါ။
ဒီပြပွဲကို စိုင်းထင်လင်းထက်နဲ့ Ushmita Sahu တို့ကဦးစီးပြီး Emergent Art Space နဲ့ပူးပေါင်းကျင်းပပါတယ်။
ဒီပြပွဲအကြောင်း ဆောင်းပါးရှင် Imogen Steinberg ကရေးသားထားတာကိုဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။ အဆောက်အဦးထဲဝင်သွားလိုက်တာနဲ့ အတွင်းပိုင်းကိုသေသေချာချာပြုပြင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ကျယ်ဝန်းတဲ့ခန်းမကြီးဟာ အလင်းရောင်ကောင်းကောင်းရပြီး...
ခေတ်ပြိုင်ပုံရိပ်များ
ပန်းချီဆရာထိန်လင်းဟာတချိန်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ခဲ့ပြီး
လက်နက်ကိုင်ကျောင်းသား၊ နိုင်ငံရေးအကျဉ်းသားဘ၀တွေကိုလည်းဖြတ်သန်းခဲ့ဖူးတယ်။ အခုအချိန်မှာတော့မြန်မာနိုင်ငံရဲ့
ခေတ်ပြိုင်ပန်းချီလောကမှာထိပ်ဆုံးကဦးဆောင်နေသူဖြစ်ပြီး
အနုပညာပြကွက်အမျိုးမျိုးနဲ့ မြန်မာ့လူမှုရေးအဖြစ်အပျက်တွေကိုဖော်ပြလေ့ရှိပါတယ်။
သူ့လက်ရာတွေမှာသူ့ကိုပုံသွင်းထုဆစ်ပေးလိုက်တဲ့ မြန်မာ့ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတဲ့အရိပ်အငွေ့တွေကိုမြင်နိုင်ပါတယ်။
သူ့လက်ရာတွေဟာ လူ့အာရုံကိုဖမ်းစားနိုင်သလောက် ဖန်တီးထားပုံကတော့ရိုးရှင်းလှပါတယ်။
စိတ်ကူးယဉ်ဆန်ခြင်းနဲ့ လူသားဆန်ခြင်းဆိုတဲ့အစွန်း ၂ဘက်ရဲ့အလယ်မှာရှိတယ်။ သူ့ဖန်တီးမှုတွေကတဆင့်
နိုင်ငံရဲ့ပဋိပက္ခ၊ ပြန်လည်ထူထောင်ရေး၊ ၀မ်းနည်းမှု၊ ပုံရိပ်၊ ဘာသာရေး၊
သာမန်လူတန်းစားတွေရဲ့စိတ်ဝိညာဉ်နဲ့ အလှတရားတွေကိုခံစားရပါတယ်။ ကျနော်နဲ့ဗဟန်းမြို့ကကော်ဖီဆိုင်တစ်ဆိုင်မှာတွေ့ပြီးစကားပြောဖြစ်ကြတော့
သူဟာမြန်မာနိုင်ငံကို အနုပညာအမြင်နဲ့ဘယ်လိုချဉ်းကပ်စဉ်းစားခဲ့တယ်ဆိုတာပြောပါတယ်။
ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့
နိုင်ငံရေးဆိုတာအချင်းချင်းအပြန်အလှန်လွှမ်းမိုးနေတယ်လို့ သူကရှင်းပြတယ်။ သူ့ရဲ့စိတ်ကူးတွေကိုဖော်ပြပုံ၊ ဘ၀ဖြတ်သန်းမှုတို့ကြောင့် သာမကဘဲမြန်မာလူမျိုး တစ်ယောက်ရဲ့ဖြစ်တည်မှုကို ပရိသတ်တွေအားလုံးသိမြင် ခံစားနိုင်အောင်ဖန်တီးနိုင်တဲ့အတွက်...
ငါ့ရည်းစားကပိုမိုက်တယ် mv အင်တာဗျူး
By Nay Thiha Pencell Studio ကတော့ ဧပြီ ၁ရက်နေ့မှာပဲ ပရိသတ်တိုင်းမျှော်လင့်စောင့်စားနေရတဲ့ animated music video အသစ်တခုကိုချပြခဲ့ပါတယ်။ စောင့်စားရတာကြာပေမယ့် စောင့်ရကျိုးနပ်တဲ့ဒီ mv ဟာ ထွက်ပြီးပြီးချင်း တပတ်တောင်မပြည့်သေးတဲ့အချိန်မှာ share တဲ့သူ တသောင်းကျော်သွားခဲ့ပြီး ကြည့်ရှုသူ တသန်းနီးပါးရှိလာခဲ့တယ်။ ပရိသတ်တွေကြားမှာအောင်မြင်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့...
ခေတ်ကြေးမုံဝယ် ပန်းချီခြယ်
By Nay Thiha “သည်းဦးကိုယ်တိုင်ကပုံတွေဆိုရင် period art ကိုသဘောကျတယ်။ ရုပ်ရှင်တို့သီချင်းတို့ဆိုလည်း ရှေးတုန်းကဟာတွေကိုပိုကြည့်ဖြစ်နားထောင်ဖြစ်တယ်။ မသိစိတ်ကဖြစ်တာထင်ပါတယ်။ ပုံဆွဲရင်လည်း အဲ့ဒီရှေးခေတ်ကိုထင်ဟပ်တဲ့ပုံလေးတွေပိုဆွဲဖြစ်တယ်။” Thee Oo’s Artvenue ဆိုတဲ့ Facebook page လူသိများလာတာ တနှစ်ကျော်လောက်ရှိပါပြီ။ ရုပ်ပြကာတွန်းနဲ့ပန်းချီဝါသနာရှင်တွေကသူတို့ရဲ့အကောင်းဆုံးလက်ရာတွေကိုချည်းချပြကြတဲ့ Facebook မှာ သဲဦးရဲ့လက်ရာတွေမှာ ၂၀ရာစုကပန်းချီပုံတွေရဲ့လွှမ်းမိုးမှုတွေကိုပီပီပြင်ပြင်တွေ့ရတဲ့အတွက် အများနဲ့မတူတမူထူးခြားလျက်ရှိပါတယ်။ သူ့ရဲ့အမည်ရင်းဟာ...
ခေတ်ပြိုင်အနုပညာရပ်ဝန်းထဲက ထွန်းသစ်စကြယ်ပွင့်
By Issy
D'Arcy Clark Forbes ရဲ့ “၂၀၁၉ခုနှစ်အတွက် အနုပညာရပ်ဝန်းထဲက
အသက် ၃၀အောက်အောင်မြင်ကျော်ကြားသူ ၃၀” စာရင်းမှာ သူမနာမည်ပါဝင်လာခဲ့ပြီး လက်ရာမြောက်လှတဲ့မြွေရုပ်ထုတွေကနေတဆင့်
ကျားမကွဲပြားမှုပြဿနာတွေကိုပရိသတ်ကိုတင်ပြနိုင်ခဲ့ခြင်းကြောင့် နာမည်ကျော်လာခဲ့တဲ့ မစိုးယုနွယ်ဟာစောင့်ကြည့်ရမယ့်ကြွေထည်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာသူမရဲ့တရုတ်မျိုးနွယ်အကြောင်း၊ သဘာဝတရားနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကနေ သူမအနုပညာအတွက်စိတ်ကူးဥာဏ်တွေရခဲ့ပုံ၊
တရုတ်တန်းမှာမှိုရှာတဲ့အကြောင်းတွေကိုပြောပြထားပါတယ်။ Issy D’Arcy Clark ရေးသားပြီးဓာတ်ပုံတွေကိုတော့
ရွှေပေါ်မြတင်ကရိုက်ကူးပေးထားပါတယ်။ ရွှေတောင်တန်းလမ်းကနေရွှေတိဂုံဘုရားအထိကျယ်ဝန်းတဲ့
ရန်ကုန်မြို့ရဲ့တရုတ်ပြည်အသေးစားလေးဟာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီမှာကျရောက်မယ့်ဝက်နှစ်အတွက်
နှစ်သစ်ကူးအပြင်အဆင်တွေနဲ့လှပစည်ကားနေပါတယ်။ ဒီအချိန်မှာပဲ...










