ခေတ်ပြိုင်အနုပညာရပ်ဝန်းထဲက ထွန်းသစ်စကြယ်ပွင့်

0
By Issy D'Arcy Clark Forbes ရဲ့ “၂၀၁၉ခုနှစ်အတွက် အနုပညာရပ်ဝန်းထဲက အသက် ၃၀အောက်အောင်မြင်ကျော်ကြားသူ ၃၀” စာရင်းမှာ သူမနာမည်ပါဝင်လာခဲ့ပြီး လက်ရာမြောက်လှတဲ့မြွေရုပ်ထုတွေကနေတဆင့် ကျားမကွဲပြားမှုပြဿနာတွေကိုပရိသတ်ကိုတင်ပြနိုင်ခဲ့ခြင်းကြောင့် နာမည်ကျော်လာခဲ့တဲ့ မစိုးယုနွယ်ဟာစောင့်ကြည့်ရမယ့်ကြွေထည်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာသူမရဲ့တရုတ်မျိုးနွယ်အကြောင်း၊ သဘာဝတရားနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကနေ သူမအနုပညာအတွက်စိတ်ကူးဥာဏ်တွေရခဲ့ပုံ၊ တရုတ်တန်းမှာမှိုရှာတဲ့အကြောင်းတွေကိုပြောပြထားပါတယ်။ Issy D’Arcy Clark ရေးသားပြီးဓာတ်ပုံတွေကိုတော့ ရွှေပေါ်မြတင်ကရိုက်ကူးပေးထားပါတယ်။ ရွှေတောင်တန်းလမ်းကနေရွှေတိဂုံဘုရားအထိကျယ်ဝန်းတဲ့ ရန်ကုန်မြို့ရဲ့တရုတ်ပြည်အသေးစားလေးဟာ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီမှာကျရောက်မယ့်ဝက်နှစ်အတွက် နှစ်သစ်ကူးအပြင်အဆင်တွေနဲ့လှပစည်ကားနေပါတယ်။ ဒီအချိန်မှာပဲ...

Leonardo ပန်းချီကားများရန်​ကုန်​တွင်​ပြသ

0
Leonardo da Vinci ကွယ်လွန်ခြင်း နှစ် ၅၀၀ပြည့် အထိမ်းအမှတ်အနေဖြင့် အီတလီသံရုံးမှကြီးမှူးကျင်းပတဲ့ “Leonardo Opera Omnia” ပြပွဲကို Rosewood Yangon မှာ နိုဝင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိကျင်းပသွားမှာပါ။ စိတ်ဝင်စားသူများအနေဖြင့် မနက် ၁၀နာရီမှ ညနေ ၅နာရီအထိဝင်ကြေးအခမဲ့ဖြင့်လေ့လာနိုင်ပါတယ်။ ...

အခင်းအကျင်းသစ်ကြားက Wathann ၁၀နှစ်ပြည့်

0
Covid-19 ကပ်ရောဂါကြောင့် ၁၀နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် Online ကနေကျင်းပမယ့် Wathann Film Festival (ဝဿန်ရုပ်ရှင်ပွဲတော်) ဟာအောက်တိုဘာ ၁၀ရက်နေ့ကျရင်စတင်တော့မှာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနှစ်ဟာ Wathann ၁၀နှစ်ပြည့်ဖြစ်သလို မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ပြည့်တဲ့နှစ်လည်းဖြစ်နေတယ်။ ဒီလိုထူးခြားတဲ့အခင်းအကျင်းတွေကြားမှာ Wathann ကိုဘယ်လိုကျင်းပမလဲဆိုတာ Wathann ရဲ့ Festival Director...

အနုပညာကိုဆာလောင်နေသူများအတွက်သာ

0
အိမ်ထဲမှာနေရတာကြာလာတဲ့အခါတချို့က ဟော့ပေါ့တို့ မာလာရှမ်းကောတို့ဆာတယ်။ တချို့ကတော့အနုပညာဆာတယ်။ အခုဆောင်းပါးမှာပန်းချီနဲ့အနုပညာကို ဆာလောင်မွတ်သိတ်နေသူတွေအတွက် ပြန်ဖွင့်နေပြီဖြစ်တဲ့ပြခန်းတချို့ကိုဖော်ပြထားပါတယ်။ မဖွင့်သေးတဲ့ပြခန်းတွေကိုလည်း online ကနေကြည့်လို့ရမယ့် website တွေညွှန်းပေးထားတယ်နော်။ Myanm/art Bart Was Not Here, Richie Htet နဲ့စိုးယုနွယ်တို့လိုလူငယ်ပန်းချီဆရာတွေကိုစင်တင်ပေးလျက်ရှိတဲ့ ပန်းချီပြခန်းပါ။ Installations, ကြွေထည်နဲ့လုပ်တဲ့အနုပညာလက်ရာတွေ၊ ဓာတ်ပုံတွေကိုပြသလေ့ရှိပါတယ်။ Address: G-42, Urban...

သုံးဘက်မြင်ကောက်ကြောင်း

0
ဒီပုံကိုအမှတ်တမဲ့ကြည့်လိုက်ရင်ရုပ်ပြစာအုပ်တခုလားလို့ထင်မှတ်မှားစရာပါပဲ။ တကယ်တော့ဒီပုံဟာ မန္တလေးက Where am I? ဆိုတဲ့ bubble tea ဆိုင်လေးရဲ့အတွင်းပိုင်းအပြင်အဆင်ဖြစ်ပါတယ်။ Facebook မှာဒီဆိုင်လေးရဲ့ပုံတွေတက်လာတော့ ကြမ်းခင်းနဲ့နံရံအပါအဝင် တဆိုင်လုံးကိုရုပ်ပြစာအုပ်လေးတအုပ်နဲ့တူအောင် ရေးဆွဲပေးခဲ့တဲ့ပန်းချီဆရာကိုနိုင်မျိုးဝေအကြောင်း Myanmore+ ပရိသတ်ကြီးကိုပြောပြချင်လာတယ်။ တကယ်တော့ကိုနိုင်မျိုးဝေဟာ အသက် ၁၀နှစ်လောက်ကတည်းကပန်းချီအနုပညာနဲ့ရင်းနှီးခဲ့တာပါ။ ပန်းချီလောကထဲစတင်ဝင်ရောက်ခါစကတော့ realism (သဘာဝရှုခင်း) ပန်းချီတွေကိုပဲရေးဆွဲဖြစ်ခဲ့ပေမယ့် စီးပွားရေးအရလုပ်ငန်းရှင်တွေရဲ့ဆိုင်းဘုတ်တွေရေးဆွဲတဲ့နေရာမှာ...

စိတ်ကူးဥာဏ်ကွန့်မြူးပြီးဖန်တီးထားတဲ့ Face Mask ဒီဇိုင်းဆန်းများ

0
ကိုယ့်ကိုရော တခြားသူတွေကိုပါ Virus မကူးစက်‌နိုင်‌ေအာင်ကာကွယ်ဖို့ Face Mask ဝတ်ဆင်ရခြင်းကြောင့် ကိုယ့်ရုပ်သွင်ပြင်အတွက်တစ်ခုခုထိခိုက်သွားစေမယ်လို့ စိုးရိမ်ခဲ့မိဖူးလား? Coronavirus Pandemic ကြောင့် Face Mask တွေက လူတိုင်းရဲ့နေ့စဉ်အသုံးအ‌ေဆာင်ပစ္စည်းလိုဖြစ်လာခဲ့တဲ့နောက်မှာ လူတချို့က‌ Face Mask ဝတ်ဆင်မှုနဲ့ပတ်သက်ပြီး စိတ်ကူးအသစ်‌အဆန်း‌ေတွရလာကြပုံ‌ေပါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနုပညာသည်‌ေတွ၊ ဖက်ရှင်ဒီဇိုင်နာတွေသာမက သာမန်လူအတော်များများကပါ...

ဆေးစက်ကျရာအနုပညာ

0
တက်တူးမထိုးဖူးဘူးဆိုရင်တောင် “ကကြီး” ဆိုတဲ့နာမည်ကို social media ပေါ်ကနေတဆင့် ကြားဖူးရင်ကြားဖူးမယ်။ သူ့လက်ရာတွေကို tattoo crazy တချို့ရဲ့ကိုယ်ပေါ်မှာမြင်ရင်မြင်ဖူးပါလိမ့်မယ်။ ကိုကကြီးရဲ့လက်ရာတွေကို သဘောကျတာကြောင့် MM+ ပရိသတ်တွေအတွက်သူ့ဖြတ်သန်းမှုကို ပြောပြချင်လာပါတယ်။ ဝါဆိုလပြည့်နေ့မှာလှည်းတန်းထဲကကိုကကြီးရဲ့ tattoo studio ကိုရောက်သွားတော့ပိတ်ရက်မို့ သူနဲ့သူ့မိသားစုပဲရှိတယ်။ သူ့ဆိုင်ကလေးဘက်လေးတန် ပန်းချီကားတွေချိတ်ထားတော့ ပန်းချီပြခန်းအသေးစားလေးနဲ့တောင်တူနေပါသေးတယ်။ ပန်းချီဆွဲရတာ၊ ကားတွေကိုစုဆောင်းရတာ...

စာအုပ်ဆိုင်ယဉ်ကျေးမှုပျောက်ကွယ်မသွားစေဖို့…

0
ကပ်ရောဂါကြီးကြောင့်စီးပွားရေးလုပ်ငန်းတော်တော်များများထိခိုက်ခဲ့ရပါတယ်။ ဒီထဲမှာစာအုပ်ဆိုင်တွေလည်း အပါအဝင်ပါ။ ကိုဗစ်ကြောင့်စာအုပ်ရောင်းအားမူလထက် ၄၀ရာခိုင်နှုန်းလောက်ကျဆင်းသွားကြောင်း Bookworm Books ရဲ့ပိုင်ရှင် Pete Evans ကဆိုပါတယ်။ စာအုပ်ဆိုင်တော်တော်များများ online ကနေတဆင့် live sale တွေ discount တွေနဲ့ရောင်းအားမြှင့်တင်နေကြပေမယ့် စာအုပ်ဆိုင်ကိုကိုယ်တိုင်သွားပြီး စာမြည်းရင်းစာအုပ်ရွေးရတဲ့အရသာကိုတော့မှီနိုင်မယ်မထင်ပါဘူး။ အောက်ပါအချက်လေးတွေကိုလိုက်နာရင်း ဒီအစဉ်အလာလေးကိုဆက်လက်ထိန်းသိမ်းနိုင်ပါတယ်။ မိတ္တူစာအုပ်တွေမဝယ်ပါနဲ့ PDF တွေကို print...

ဆန်းပြားသောအရောင်များနှင့်ရိုးရှင်းသောဘဝ

0
By Nay Thiha ပန်းချီဆရာ(ဦး)ခင်မောင်ရင်၏လက်ရာများအားစုစည်းပြသသည့်ပွဲကို ဆူးလေရှန်ဂရီလာဟိုတယ်မှာ ဇန်န၀ါရီလ ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိကျင်းပလျက်ရှိပါတယ်။ David နှင့် Jenny Walton Masters တို့ဇနီးမောင်နှံဟာလွန်ခဲ့တဲ့ ၁၅နှစ်လောက်ကစပြီး ခင်မောင်ရင်ရဲ့ပန်းချီကားများကိုလိုက်လံဝယ်ယူစုဆောင်းခဲ့တာဖြစ်ပြီး ဒီ collection မှာဆိုရင် ပန်းချီကားရာနဲ့ချီပါဝင်ပါတယ်။ “ကျနော်နဲ့ Jenny ဟာသူ့ပန်းချီကားတချပ်ကိုလွန်ခဲ့တဲ့ ၁၅နှစ်လောက်ကစတွေ့ခဲ့တာပါ။ မြင်မြင်ချင်းမှာပဲတောက်ပတဲ့အရောင်တွေကကျနော်တို့ကိုဆွဲဆောင်နိုင်ခဲ့တယ်။ အဲ့ဒါနဲ့ပန်းချီပြခန်းတွေကနေတဆင့်သူ့ပန်းချီကားတွေကိုတတ်နိုင်သလောက်ဝယ်ယူစုဆောင်းဖြစ်ခဲ့ပါတယ်” လို့ David Walton Masters ကဇန်န၀ါရီလ...

“မြို့ပြကောက်ကြောင်းများ”

0
ရန်ကုန်ရဲ့ လမ်းမတွေပေါ်မှာ ခြေဦးတည့်သလိုလျှောက်သွားရင်း ပုံကြမ်းပန်းချီ (Sketch) တွေရေးလေ့ရှိတဲ့ sketch artist တစ်စုကို တွေ့မိဖူးပါသလား...။ အမြဲလူရှုပ်ထွေးဆူညံနေတတ်တဲ့ဈေးတန်းတွေရဲ့မြင်ကွင်း၊ ငြိမ်သက်တိတ်ဆိတ်နေတဲ့ အထင်ကရရှေးအမွေအနှစ်အဆောက်အဦတွေရဲ့ခန့်ထည်နေတဲ့မြင်ကွင်းတွေရဲ့သရုပ်သကန်ကို သူတို့ရဲ့ ပုံကြမ်းပန်းချီတွေထဲမှာ မိအောင်ဖမ်းယူရေးခြစ်ကြသူတွေပါ။ အဲဒီ sketch artist တွေထဲက ၂ ဦးနဲ့ ဆုံမိခိုက်မှာ ကိုနေသီဟ...