Valentine’s Day အတွက် date idea လေးများ
By Min Ye Kyaw မကြာခင်မှာရောက်လာတော့မယ့်
ချစ်သူများနေ့မှာကိုယ့်ချစ်သူနဲ့အတူတကွအမှတ်တရတွေဖန်တီးနိုင်ဖို့ အစီအစဉ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ဒီအစီအစဉ်လေးတွေဟာငွေကုန်ကြေးကျလည်းသက်သာပြီး ပျော်ဖို့လည်းကောင်းတာမို့ မမေ့နိုင်စရာ
date တခုဖြစ်လာမှာပါ။ ကန်ရေပြင်ဘေးမှာထိုင်ရင်းနေ၀င်ချိန်ကိုကြည့်ပါ ဘယ်တော့မှရိုးမသွားနိုင်မယ့်နေရာလေးပါ။
ကန်ရေပြင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့လေညှင်းလေးတွေကို ခံစားရင်းနေ၀င်ဆည်းဆာကိုကြည့်ပြီး
ကိုယ့်ချစ်သူနဲ့ညနေခင်းလေးကိုအတူဖြတ်သန်းပါ။ ပိုပြီး romantic ဆန်သွားဖို့စောင်လေးတထည်ကိုမြက်ခင်းပေါ်မှာခင်းပြီး
နီးနီးကပ်ကပ်ထိုင်ရင်း Ed Sheeran သီချင်းတွေကိုဂစ်တာနဲ့တီးပြလိုက်ပါနော်။ မနက်စာ waffle စားပါ မြန်မာပလာဇာမှာဖွင့်လှစ်ထားတဲ့
Hejohejo မှာစင်ကာပူ pandan waffle နဲ့လက်ဖက်ရည်တခွက်ကိုတဦးလျှင် ၁၆၀၀ကျပ်တည်းနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။
Waffle ကိုချောကလက်၊ စတော်ဘယ်ရီ၊...
စာချစ်သူတို့ရဲ့မိတ်ဆွေ Big Bad Wolf
By Nay Thiha မြန်မာနိုင်ငံက
စာဂျပိုးလေးတွေအတွက်တော့ သတင်းကောင်းပါ။ မလေးရှားနိုင်ငံကအကြီးဆုံး စာအုပ်အရောင်းပွဲတော်
Big Bad Wolf ဟာနောက်လဆိုရင် ရန်ကုန်ကိုရောက်လာတော့မှာပါ။ ဒီစာအုပ်ပွဲတော်ဟာ
Myanmar Event Park မှာဇန်န၀ါရီလ ၁၈ရက်နေ့ကနေ ၂၈ရက်နေ့အထိ ၂၄နာရီလုံးလုံး ရောင်းချပေးသွားမယ်လို့သိရပါတယ်။
Big Bad Wolf မှာအင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့စာအုပ်တွေကို ၅၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းအထိ
discount နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာအင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့စာအုပ်တွေဝယ်ဖို့
ခက်ခဲပါတယ်။...
ခရစ္စမတ်စ်မှာဈေးဝယ်ထွက်တော့မယ်ဆိုရင်…
မကြာသေးခင်လပိုင်းလောက်ကရန်ကုန်ရွှေမြို့တော်ကြီးမှာ လက်မှုပစ္စည်းလေးတွေရောင်းချပေးနေတဲ့ဆိုင်တွေဖွင့်လှစ်လာတာတွေ့ရပါတယ်။အခု ခရစ္စမတ်စ်countdownပွဲအတွက်ပြင်ဆင်မယ်ဆိုရင် ဈေးဝယ်ထွက်လို့ရမယ့် အကောင်းတကာ့အကောင်းဆုံးနေရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Young-On အခုပြောပြမယ့်Young-On ဆိုတဲ့ဆိုင်လေးကတော့ မြန်မာ့ရိုးရာပစ္စည်းလေးတွေနဲ့ လူကြိုက်များတဲ့ဆိုင်လေးပါပဲ။အဲ့ဆိုင်လေးမှာတော့ သင့်ချစ်သူကောင်မလေး ညီမလေးနဲ့အမေတို့အတွက်သင့်တော်မယ့်ပစ္စည်းလေးတွေရနိုင်ပြီးသင်ခရီးသွားတဲ့အခါထည့်သွားရင်အဆင်ပြေစေမယ့် ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ ဒီဆိုင်လေးမှာတော့တောက်ပပြီးခေတ်မီတဲ့အရောင်အသွေးရှိတဲ့ယွန်းထည်ထမင်းဘူးလေးတွေ၊ လက်လုပ် ကလေးအဝတ်အစားလေးတွေ အကွက်အဆင်ဖော်ထားတဲ့ အိုးလှလှလေးတွေထဲထည့်ထားတဲ့သဘာဝနဲ့လိုက်လျောညီထွေဖြစ်တဲ့ ပဲနှင့်ပြုလုပ်ထားတဲ့ဖယောင်းတိုင်လေးတွေစသဖြင့် မြန်မာပြည်ကြီးကိုအမှတ်ရနေစေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ပစ္စည်းလေးတွေရနိုင်မယ့်နေရာလေးပဲဖြစ်ပါတယ်။ ဒါ့အပြင်မိမိကိုယ်တိုင် ဘာဝယ်လို့ဝယ်ရမှန်းမသိဖြစ်နေရင်လည်း မပူပါနဲ့။ သင့်ရဲ့ သူငယ်ချင်း...
ပိတ်ရက်မှာသွားလည်စရာ (Dec 8-9)
A Plastic Free Ocean at Wired မြစ်ချောင်း ပင်လယ်တွေထဲမှာပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့ဆိုးကျိုးကိုလူအများသတိပြုမိလာဖို့ ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ပလတ်စတစ်ဘူးတွေ အိတ်တွေနဲ့ art installation တွေပြသသွားမှာဖြစ်ပြီး တခါသုံးပလတ်စတစ်တွေသုံးတာမရပ်ရင်ဖြစ်လာမယ့် သမုဒ္ဒရာတွေရဲ့ပုံကိုပြထားပါတယ်။
When: December 8, 2018 @ 10:30 am – December...
အမှတ်တရ date လေးတစ်ခုဖန်တီးနိုင်ဖို့…
By Min Ye Kyaw & Nay Thiha
ပိတ်ရက်နီးလာပြီဆိုတော့ ချစ်သူစုံတွဲတွေအနေနဲ့ ဘယ်ကိုသွားလည်ရင်ကောင်းမလဲ စဉ်းစားနေကြရောပေါ့နော်။ ရန်ကုန်မှာနေထိုင်သူတွေအနေနဲ့ ရုပ်ရှင်ရုံ၊ ကော်ဖီဆိုင်၊ ဘားတွေမှာချိန်းတွေ့ရတာလည်းရိုးနေပြီ၊ ဘယ်သွားရမှန်းလည်းမသိဘူးဆိုရင်တော့ activity လေးတွေအတူတူလုပ်ရင်း ပျော်ဖို့လည်းကောင်း ချစ်သူနှစ်ယောက်ရင်းနှီးမှုလည်းတိုးလာစေမယ့် date idea လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ FA တွေဆိုရင်လည်း...
စင်္ကာပူအသေးစားလေးဖြစ်လာတော့မယ့် ဘိုကလေးဈေး
By Jessica Liang
နိုဝင်ဘာ ၃၀ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဘိုကလေးဈေးဟာ စင်္ကာပူအသေးစားလေး ဖြစ်လာပါတော့မယ်။ ၂၀၁၆ကနေ စတင်ကျင်းပလာတာဖြစ်ပြီး သုံးကြိမ်မြောက် စင်္ကာပူပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့သူအားလုံးကို မြို့ကနေမထွက်ဘဲ စင်္ကာပူရဲ့အတွေ့အကြုံကို ခံစားနိုင်စေဖို့ဖြစ်ပါတယ်။
၃ ရက်ကြာတဲ့ ပွဲတော်ကို ညနေတိုင်း ၄...






