ဓာတုကင်းဝေးကျန်းမာရေး

0
By Nay Thiha ကျနော်တို့သတိမထားမိလိုက်ချိန်မှာဓာတုဗေဒပစ္စည်းတွေနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေဟာ ဈေးဆိုင်တွေနဲ့ထမင်းဝိုင်းတွေမှာနေရာယူလာကြတယ်။ အသီးအနှံတွေစိုက်ပျိုးတဲ့အခါပိုးမွှားရန်ကိုကာကွယ်ဖို့ အထွက်နှုန်းတိုးဖို့အတွက် ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာတွေသုံးလာကြတာ အလေ့အထတခုလိုဖြစ်လာပါပြီ။ ဒါပေမယ့်အခုနောက်ပိုင်းမှာအော်ဂဲနစ်စိုက်ပျိုးရေးခေတ်စားလာခဲ့ပြီး ဓာတုကင်းစင်တဲ့အသီးအနှံတွေကို မြတ်မြတ်နိုးနိုးဝယ်ယူစားသုံးသူတွေရှိလာပါတယ်။ အရေအတွက်အားဖြင့်နည်းသေးပေမယ့် Farmers’ Market လို ဓာတုကင်းစင်တဲ့ထုတ်ကုန်တွေကိုမြှင့်တင်ပေးနေတဲ့ဈေးကွက်တွေရှိလာတာတွေ့ရတယ်။ ဒီလုပ်ငန်းကိုလေ့လာနိုင်ဖို့သဘာဝအတိုင်းသာစိုက်ပျိုးထားတဲ့ထုတ်ကုန်တွေကိုဈေးကွက်ထဲဖြန့်ဝေပေးနေတဲ့ Organic Valley ရဲ့တည်ထောင်သူမကြေးမုံလွင်နဲ့စကားပြောကြည့်ခဲ့ပါတယ်။ “အစ်မက IT နယ်ပယ်ကလာတာပါ။KMD မှာ ၁၃နှစ်လောက်အလုပ်လုပ်ခဲ့တယ်။ ပြီးတော့ Telenor Myanmar မှာလုပ်ခဲ့သေးတယ်။ ၀န်ထမ်းဘ၀နဲ့နှစ် ၂၀ကျော်လောက်နေခဲ့ပြီးတော့ ကိုယ်ပိုင်လုပ်ငန်းတခုလုပ်ချင်တာနဲ့လိုက်လေ့လာကြည့်တယ်။ ၀န်ထမ်းဘ၀ကထွက်ပြီး freelancer...

အထီးကျန်မှုဝေဒနာခံစားရတဲ့အခါ…

0
By Nay Thiha ကျနော်တို့အားလုံးဟာတချိန်မဟုတ်တချိန်အထီးကျန်ခြင်းရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ အထီးကျန်ခြင်းနဲ့ပတ်သက်တဲ့ပညာပေးကာတွန်းဗီဒီယိုလေးကို YouTube မှာကြည့်ပြီးတော့ Myanmore Plus ပရိသတ်တွေကိုပြောပြချင်လာတာနဲ့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ YouTube ပေါ်က ၁၂မိနစ်လောက်ရှည်တဲ့ဗီဒီယိုကို ကြည့်ချင်တယ်ဆိုရင် အောက်ပါ link ကနေတဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ အဲ့ဒီမှာကိုးကားစာရင်းတွေလည်းပါပါတယ်။ ကျနော်တို့ရဲ့ကမ္ဘာဟာတနေ့ထက်တနေ့ဆက်သွယ်ရေးနည်းစနစ်တွေပိုတိုးတက်လာနေပေမယ့် လူအချင်းချင်းကြားဆက်သွယ်မှုကတော့တဖြည်းဖြည်းအားနည်းလာတယ်။ စစ်တမ်းတွေအရ UK မှာ...

လွယ်ကူ ဝိတ်ချ Diet ဘဝ

0
By Gam Seng Maw "ဟယ်နင်ဝလာတယ်နော်" လို့ နှုတ်ဆက်စကားဆိုခြင်းက ခင်မင်ရင်းနှီးမှုကို အနည်းငယ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဆီများတဲ့ အစားအသောက်တွေနဲ့ အသင့်စားအစာတွေက သင့်ခန္ဓာကိုယ်အလေးချိန်ကို အချိန်ပြည့်ခြိမ်းခြောက်နေတာပါနော်။ဒါပေမဲ့ ပြုပြင်ပြောင်းလဲလို့ရတဲ့အရာတွေဖြစ်တဲ့အတွက် "ငါအရမ်းကြီး ဝလာပြီ မလှဘဲနေတော့မယ်" ဆိုတဲ့ စိုးရိမ်လွန်အတွေးမျိုးတွေရပ်လိုက်ပါတော့။ Hollywood celebrity တွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေ...

သင့်တက်လမ်းကိုထိခိုက်နိုင်တဲ့ လုပ်ငန်းခွင်တခုရဲ့လက္ခဏာများ

0
By Nay Thiha ကျနော်တို့တနေ့တာရဲ့ ၃ပုံ ၁ပုံကိုအလုပ်ထဲမှာကုန်ဆုံးရပါတယ်။ တချို့ဆိုဒီထက်ကြာအောင် အလုပ်လုပ်ကြရတယ်။ ဒါကြောင့်ကိုယ့်ဘ၀ရဲ့အစိတ်အပိုင်းတော်တော်များများကိုမြှုပ်နှံရမယ့် လုပ်ငန်းခွင်ဟာကိုယ့်အတွက်အကျိုးကျေးဇူးတခုခုပေးနိုင်ဖို့လိုပါတယ်။ ကျောင်းပြီးပြီးချင်းမှာတော့ငွေရေးကြေးရေးအတွက် လုပ်ငန်းခွင်အတွေ့အကြုံရဖို့အတွက် ရရာအလုပ်ကိုဝင်လုပ်ကြရစမြဲပါ။ ၂နှစ်လောက်လုပ်ခဲ့ပြီးပြီဆိုရင်တော့ ဒီအလုပ်ဟာကိုယ့်ဘ၀တက်လမ်းအတွက်အထောက်အကူဖြစ်ပါ့မလားလို့သုံးသပ်ကြည့်သင့်ပါတယ်။ ပြီးပြည့်စုံတဲ့အလုပ်ခွင်ဆိုတာမရှိနိုင်ပေမယ့် ကိုယ့်အလုပ်ခွင်မှာအောက်ပါလက္ခဏာတွေထဲက တော်တော်များများတွေ့နေရပြီဆိုရင်တော့ CV form ကိုဖုန်သုပ်ပြီးအလုပ်သစ်ရှာဖို့အချိန်တန်ပါပြီ။ မျက်နှာလိုက်သောအထက်အရာရှိ တော်တော်များများကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်ဘယ်လောက်ကြိုးစားကြိုးစားအထက်အရာရှိ (သို့) သူဌေးကမျက်မုန်းကျိုးနေပြီဆိုရင် ကြိုးစားမှုနဲ့ထိုက်တန်တဲ့အကျိုးကျေးဇူးမရတတ်တာများပါတယ်။ ကိုယ်ကမျက်နှာသာအပေးခံရတဲ့ဝန်ထမ်းဆိုရင်လည်းသတိထားပါ။ ဒီအလုပ်ခွင်ထဲက comfort zone မှာပဲသာယာနေပြီး ဒီထက်ပိုကောင်းတဲ့အခွင့်အလမ်းတွေကိုရှာဖွေဖို့မေ့နေတတ်ပါတယ်။ သင့်ကြိုးစားမှုကြောင့်သင့်အလုပ်ရှင်ပိုချမ်းသာသွားသလို သင်ကိုယ်တိုင်လည်းအတွေ့အကြုံကောင်းတွေ ငွေရေးကြေးရေးခံစားခွင့်တွေရရှိသင့်ပါတယ်။ ဒါကြောင့်ကိုယ့်ကြိုးစားမှုကိုအသိအမှတ်မပြုတဲ့အလုပ်ခွင်ဆိုရင် စောစောစွန့်လွှတ်ဖို့ကြိုးစားပါ။ ခွဲခြားဆက်ဆံမှု မျက်နှာလိုက်တယ်ဆိုတာ တဦးတယောက်စီနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်ပေမယ့် လိင်နဲ့လိင်တိမ်းညွတ်ရာ၊...