သင်မသိသေးတဲ့စံဇာဏီဘို

0
ဆရာစံဇာဏီဘိုအသက် ၆နှစ်လောက်မှာ နယ်လှည့်ရှေ့ဖြစ်ဟောဆရာတယောက်က သူကြီးလာရင် ဗေဒင်ဆရာအဖြစ်အသက်မွေးရလိမ့်မယ်လို့ ဟောခဲ့ဖူးပါတယ်။ အဲ့ဒီခေတ်ကဗေဒင်ဆရာတွေဟာဘုရားပေါ်မှာနေရင်း၊ လမ်းတကာလျှောက်သွားရင်း ဗေဒင်ဟောပြီး မဖြစ်စလောက်ငွေကြေးနဲ့ရပ်တည်ရတဲ့ခေတ်ဖြစ်တာမို့ သူ့အနေနဲ့ဒီဟောကိန်းကိုမနှစ်မြို့ခဲ့ဘူး။ ဒါကြောင့်လက်တွေ့ကျတဲ့လျှပ်စစ်နည်းပညာတက္ကသိုလ်မှာပဲ ပညာသင်ကြားခဲ့ပါတယ်။ ရန်ကုန်မှာနည်းပညာကျောင်းတက်နေတုန်းမှာပဲ စံဇာဏီဘိုဟာနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ၁၉၇၄ခုနှစ် အသက် ၂၀အရွယ်မှာအဖမ်းခံခဲ့ရပါတယ်။ ယနေ့မှာတော့ အန်အယ်လ်ဒီပါတီဝင်တယောက်ဖြစ်နေတဲ့ စံဇာဏီဘိုဟာ တိုင်းပြည်ရဲ့ဒီမိုကရေစီအကူးအပြောင်းမှာတတပ်တအားပါဝင်လျက်ရှိပါတယ်။ နိုင်ငံရေးမှုကြောင့်ထောင်ကျခဲ့ရတာက သူ့ဘ၀အတွက်တဆစ်ချိုးအပြောင်းအလဲတခုပါ။ ထောင်ထဲမှာ လက္ခဏာနဲ့ရှေ့ဖြစ်ဟောဆရာ ဦးစံတင်အောင်နဲ့တွေ့ဆုံခဲ့ပြီး သူ့ဆီကဗေဒင်ပညာတွေသင်ယူခွင့်ရခဲ့တယ်။ ထောင်ထဲမှာပဲ နက္ခတ်ပညာ၊ လက္ခဏာကြည့်ပညာ၊ ကိန်းဂဏန်းအတွက်အချက်နဲ့ တားရော့ကတ်ဟောနည်းတွေအကြောင်းသင်ယူခဲ့ပြီး ဒီပညာတွေနဲ့ပဲနိုင်ငံကျော်ဗေဒင်ဆရာတယောက် ဖြစ်လာတဲ့စံဇာဏီဘိုဟာ ထောင်ကသူ့ဒုတိယတက္ကသိုလ်လို့...

၇ကြိမ်​​မြောက်​ Myanmar International Fashion Week

0
၇ကြိမ်​​မြောက်​ Myanmar International Fashion Week ကို The Central Boulevard Yangon မှာ ဒီဇင်​ဘာ ၂၀ရက်​​နေ့က​နေ ၂၂ရက်​​နေ့အထိကျင်းပခဲ့ပါတယ်​။ Stars & Models Int'l Yangon ကိုတည်​​ထောင်​သူ ဂျွန်​လွင်​စီစဉ်​တဲ့ဒီပွဲဟာ နှစ်​စဉ်​ကျင်းပ​လေ့ရှိပြီးမြန်​မာနိုင်​ငံရဲ့အကြီးဆုံးဖက်​ရှင်​ရှိုးလို့လည်း​ပြောလို့ရပါတယ်​။ ​အေဂျင်​စီရဲ့​မော်​ဒယ်​​တွေနဲ့အဆင့်​အတန်းမြင့်​ဖက်ရှင်​ဒီဇိုင်း​တွေအပြင်​ နာမည်​ကြီးအနုပညာရှင်​​တွေရဲ့​ဖျော်​​ဖြေမှု​တွေကိုပါတင်​ဆက်​ပြသ​လေ့ရှိပါတယ်​။ ဒီနှစ်​မှာလည်း​မိုး​ဟေကို၊ ​အောင်​ရဲလင်း၊...

စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဆိုတာထက်ပိုပါတယ်

0
ဦး Sharky နဲ့သူ့စားသောက်ဆိုင်မှာ ၂နာရီလောက်စကားပြောပြီးနောက် ငါးကလီစာတွေ အချဉ်တည်ထားတဲ့စည်ပိုင်းကိုသူကလိုက်ပြတယ်။ စင်တစ်ခုနဲ့တစ်ခုသွားလာလှုပ်ရှားနေရင်း ဂျုံစေ့တွေ ပျားရည်တွေကိုလိုက်ကြည့်နေတဲ့ ဦး Sharky ဟာ Charlie and the Chocolate Factory ထဲက Willie Wonka အတိုင်းပါပဲ။  သူ့စားသောက်ဆိုင်ကအချဉ်တည်တဲ့နည်းဟာ တခြားဆိုင်တွေနဲ့ဘယ်လိုကွာခြားတယ် ဆိုတာကိုလည်းရှင်းပြပါသေးတယ်။ ပြီးခဲ့တဲ့တစ်နာရီလောက်ကအထိ ကျနော်နဲ့ ဦး Sharky ဟာသဘာဝပတ်ဝန်းကျင်ပြဿနာတွေ၊ မြန်မာနိုင်ငံက...

သီတင်းကျွတ် Staycation

0
သီတင်းကျွတ်ပိတ်ရက်မှာခရီးမသွားဘဲ ဟိုတယ်တခုခုမှာအစားကောင်းအသောက်ကောင်းတွေစားပြီးဇိမ်ရှိရှိ staycation နေချင်သူများအတွက် ရန်ကုန်ကဟိုတယ်တွေမှာရနိုင်တဲ့ staycation package တွေကိုဖော်ပြပေးလိုက်ပါတယ်။ Celebrate Thadingyut at the Sedona Hotel Yangon! သီတင်းကျွတ်ပိတ်ရက်တွေကို Sedona Yangon မှာဖြတ်သန်းလိုက်ပါ။ ရေမျောဖယောင်းတိုင်လေးတွေကို Sedona ရဲ့ရေကူးကန်ထဲမှာမျှောရင်း မိဘဘိုးဘွားတွေကိုဂါရ၀ပြုရအောင်နော်။ ၁၇၆၇၀၀ကျပ်++ (သို့) ၁၁၄ဒေါ်လာ++ နဲ့ ရေကူးကန်မြင်ကွင်းပါတဲ့ Garden Wing က Deluxe...

ငွေရောင်လှိုင်းများပေါ်ကဆီးဂိမ်းအိပ်မက်

0
၂၀၁၅ခုနှစ် Ngwe Saung Yacht Club & Resort မှာ Myanmar Wave Rider Cup ပြိုင်ပွဲကိုကျင်းပခဲ့စဉ်ကစပြီး မြန်မာနိုင်ငံဟာရေလွှာလှိုင်းစီးအားကစားနဲ့ရင်းနှီးလာပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ နိုင်ငံ ၁၀နိုင်ငံက အားကစားသမား ၃၀ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းဘူဂွဲကျွန်းကအားကစားသမား တော်တော်များများထွက်ပေါ်လာပြီးရေလွှာလှိုင်းစီးခြင်းလည်းရေပန်းစားလာခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာပဲ မြန်မာ့ရေလွှာလှိုင်းစီးအသင်း (Surf Association of Myanmar-SAM) တည်ထောင်ခဲ့ပြီး...

ရိုးရှင်းသောနေ့ရက်များဆီသို့…

0
ကျနော်တို့ငယ်ငယ်တုန်းကဖျော်ဖြေရေးဆိုတာသိပ်များများစားစားမရှိလှဘူး။ ကျောင်းကပြန်လာရင် စာအုပ်ဆိုင်တို့ အခွေဆိုင်တို့သွားမယ်။ ဘ၀ရဲ့ပျော်ရွှင်မှုဆိုတာကလည်း ကိုယ်ကြိုက်တဲ့ဝတ္ထုတွေ ဗီဒီယိုတွေရလာတဲ့နေ့လို့ပဲပြောရမယ်။  အင်တာနက်ခေတ်ရောက်တော့ အရာရာကအရင်ကထက်လွယ်ကူလျင်မြန်သွားတယ်။ ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေကို ebook အဖြစ်ကြိုက်တဲ့အချိန်ဖတ်လို့ရသလို ရုပ်ရှင်တွေကိုလည်း download လုပ်ပြီးအဆင်ပြေတဲ့အချိန်ဖွင့်ကြည့်လို့ရတယ်။ အရင်ကလိုအငှားဆိုင်မှာကိုယ့်အလှည့်ရောက်ဖို့ စောင့်ရတာတွေမရှိတော့ဘူး။ အစစအရာရာအဆင်ပြေချောမွေ့သွားပေမယ့် အရင်ကလိုစိတ်လှုပ်ရှားမှုမျိုး၊ ရိုးစင်းတဲ့ပျော်ရွှင်မှုမျိုးတွေပျောက်ကွယ်သွားပါတယ်။ ရွေးချယ်စရာဖျော်ဖြေရေးတွေသိပ်များလာတော့ စိတ်တွေထွေပြားလာပြီး တခုခုအပေါ်အာရုံစိုက်ရခက်သွားတယ်။  စာအုပ်ဆိုင်တွေတဆိုင်ပြီးတဆိုင်တံခါးပိတ်လာကြတဲ့ခေတ်မှာ Inya Book Club ကဖွင့်တာ ၂ ပတ်လောက်ပဲ ရှိသေးတဲ့စာအုပ်အငှားဆိုင်လေးပါ။ တလစာအသင်းဝင်ကတ်ပြား ၂မျိုးရှိပြီး...

ပိုလှပတဲ့မနက်ဖြန်များအတွက်…

0
Jochen Meissner ဟာ ရန်ကုန်မှာ Uncharted Horizons ဆိုတဲ့စက်ဘီးစီးနဲ့ခရီးကြမ်းသွားလာရေး ခရီးသွားကုမ္ပဏီကိုတည်ထောင်ထားသူဖြစ်ပြီး မကြာခင်မှာ လမ်းပေါ်ကကလေးငယ်တွေရဲ့ပညာရေးအတွက် ရန်ပုံငွေတရပ်မတည်ဖို့ ရန်ကုန်ကနေ စင်ကာပူအထိ နိုင်ငံပေါင်း ၄နိုင်ငံကို တလကျော်စက်ဘီးစီးခရီးနှင်ဖို့ စီစဉ်လျက်ရှိပါတယ်။ သြစတြီးယားနိုင်ငံသား Meissner ဟာ သူတို့နိုင်ငံက NGO တခုဖြစ်တဲ့ Sonne International နဲ့အတူပူးပေါင်းကျင်းပတဲ့ ဒီစက်ဘီးစီးခရီးစဉ်ကနေအလှူငွေ ဒေါ်လာ ၂၀၀၀၀...

လုံချည်ရိုးရာကိုထိန်းသိမ်းစောင့်ရှောက်နေသူ

0
By Min Ye Kyaw လုံချည်ဝတ်ရတာဂျင်းဘောင်းဘီတွေဝတ်ရတာထက်ပိုပြီးပေါ့ပေါ့ပါးပါးနဲ့သက်တောင့်သက်သာရှိပါတယ်။ အထူးသဖြင့်မြန်မာနိုင်ငံရောက်နေတဲ့နိုင်ငံခြားသားတွေလုံချည်ဝတ်ကြတဲ့အခါအမြင်ဆန်းပြီးကြည့်လို့ကောင်းတယ်။ မြန်မာ့လုံချည်ဈေးကွက်မှာအမှတ်တံဆိပ်တွေအများကြီးရှိပေမယ့် တနိုင်ငံလုံးကိုလုံချည်ဖြန့်ချီရောင်းချပေးနေတဲ့ UKK နဲ့တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ UKK ကိုဦးဆောင်ပဲ့ကိုင်နေတဲ့ ကိုကျော်ရဲဟိန်းဟာအသက် ၂၅နှစ်သာရှိသေးပြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးသမားတယောက်လည်းဖြစ်တယ်။ UKK ဟာမြန်မာ့ရိုးရာဝတ်စုံကိုကိုယ်စားပြုတဲ့ အမှတ်တံဆိပ်တခုပါ။ သူဟာအမြတ်လိုချင်တဲ့စိတ်၊ ကျော်ကြားချင်တဲ့စိတ်နဲ့ဒီအလုပ်ကိုလုပ်နေတာမဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းချင်တဲ့စိတ်နဲ့လုပ်ကိုင်နေသူပါ။ ကမ္ဘာ့နိုင်ငံအသီးသီးက ရိုးရာဝတ်စုံတွေမှာ ဗမာ့လုံချည်လောက်လက်တွေ့ကျတဲ့အ၀တ်အစားမျိုးရှားတယ်လို့ ကိုကျော်ရဲဟိန်းကဆိုတယ်။ မဏိပူရနဲ့ မြန်မာနိုင်ငံအထက်ပိုင်းကမီဇိုးရမ်းဒေသ၊ အရှေ့မြောက်အိန္ဒိယတွေမှာအ၀တ်များတဲ့ဆရောင်နဲ့ဆင်တူတဲ့ လုံချည်ဟာတီရှပ်၊ ရှပ်အင်္ကျီစတဲ့အင်္ကျီမျိုးစုံနဲ့လိုက်ဖက်တဲ့အထည်ဖြစ်ပါတယ်။ တချို့တွေကတော့ အိမ်နေရင်းဆိုစွပ်ကျယ်နဲ့လည်းဝတ်လေ့ရှိတယ်။ ကိုကျော်ရဲဟိန်းရဲ့ဖခင်ဦးကျော်ကျော်ဟာတချိန်ကအရည်အသွေးမြင့်လုံချည်အမှတ်တံဆိပ်အမျိုးမျိုးဖြန့်ချီသူပါ။ ဦးကျော်ကျော်ဟာသူ့နာမည်ကိုအစွဲပြုပြီးလုပ်ငန်းကို UKK လို့ပေးခဲ့ခြင်းဖြစ်ပါတယ်။ UKK ဟာလုံချည်ဖြန့်ချီရုံသာမကဘဲ...

အစားအသောက်ကောင်းကောင်း ဓာတ်ပုံလှလှ

0
By Gam Seng Maw Facebook နဲ့ Instagram တွေမှာအစားအသောက်ပုံလှလှလေးတွေရိုက်ပြီးတင်ရတဲ့အလုပ်ဟာ လွယ်မယောင်နဲ့ခက်ပါတယ်။ DSLR တွေပဲဖြစ်ဖြစ် smartphone တွေပဲဖြစ်ဖြစ် အရည်အသွေး ဘယ်လောက်ကောင်းကောင်း ဓာတ်ပုံပညာကိုနားမလည်ရင်ပုံကောင်းမရပါဘူး။ ဓာတ်ပုံပညာ နားလည်ပေမယ့်လည်း အစားအသောက်အပြင်အဆင်မလှတဲ့အခါ ထွက်လာတဲ့ပုံရိပ်က ကြည့်မကောင်းတတ်ပါဘူး။ စားသောက်ဆိုင်တွေသွားတဲ့အခါ မစားခင် food photo ရိုက်ပြီး social media တွေပေါ်မှာမျှဝေရတာကြိုက်တဲ့သူတွေအတွက် tips &...

နာရီကအသက်

0
By Alec Wilmot ဘယ်​အချိန်​မှာပဲဖြစ်​ဖြစ်​ လုပ်​​ဖော်​ကိုင်​ဖက်​​တွေ၊ သူငယ်​ချင်း​တွေ နဲ့ မိသားစု ​တွေကို ​ပေးနိုင်​တဲ့ အ​ကောင်းဆုံး​သော လက်​​ဆောင်​တစ်​ခုက​တော့ လက်​ပတ်​နာရီပဲဖြစ်​ပါတယ်​။ လက်​​ကောက်​၀တ်​​ပေါ်မှာ နာရီ​လေးပတ်​ထားတာဆိုရင်​ဖြင့်​ အမြင်​တင့်​တယ်​​စေပါတယ်​။ ရန်​ကုန်​မြို့မှာ ရှိတဲ့ နာရီအ​ရောင်းဆိုင်​​တွေမှာ အချိန်​တိကျတဲ့ နာရီတစ်​လုံး ရဖို့အတွက်​ အချိန်​​ပေါင်းများစွာ​ပေးပြီး ရှာ​ဖွေ​နေရ​သော်​လည်း သင့်​အကြိုက်​နဲ့ထပ်​တူမညီ​သေးဘူးလား။ ဒါဆိုရင်တော့...