ပထမဆုံးအကြိမ်အီတလီအစားအစာပွဲတော်

0
By Nay Thiha မြန်မာလူမျိုးတွေကြားမှာ အီတလီအစားအစာဆိုရင် ပီဇာ၊ ပါစတာနဲ့ စပါဂတီတို့လောက်သာလူသိများပါတယ်။ ဒါပေမယ့်အီတလီအစားအစာတွေဟာ အမျိုးအမည်စုံလင်လှပြီး အီတလီဝိုင်တွေကလည်း ကမ္ဘာပေါ်မှာအလွန်လူသိများတယ်။ ရိုးရာအစားအစာတွေနဲ့ပတ်သက်ရင် တချို့ကမူရင်းလက်ရာအတိုင်းချက်ပြုတ်ပေမယ့် တချို့ကတော့မြန်မာလူမျိုးတွေအကြိုက်နဲ့ညီအောင်မူလဟင်းချက်နည်းကိုပြင်ဆင်ကြတယ်။ အခုတော့မြန်မာလူမျိုးတွေအနေနဲ့ အရောင်အသွေးအမျိုးအမည်စုံလင်လှတဲ့ အီတလီအစားအသောက်တွေကို ၀ါရင့်အီတလီလူမျိုးစားဖိုမှူးတွေကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပေးတာကိုမြည်းစမ်းခွင့်ရတော့မှာပါ။ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကျရင် အီတလီသံရုံးမှာ ညနေ ၄နာရီကနေ ၉နာရီအထိကျင်းပမယ့် ပထမဆုံးအကြိမ် Italian Food Festival...

ChilliBoom ကရှူးရှဲညနေစာ

0
Nay Thiha ခုရက်ပိုင်းညနေစောင်းလာတာနဲ့ အအေးပိုလာတာကိုခံစားမိမှာပါ။ ရုံးဆင်းတဲ့အခါအိမ်မပြန်သေးဘဲ ရာသီဥတုအေးအေးလေးမှာအပူအစပ်စားချင်တယ်၊ ထိုင်းစာနဲ့မာလာရှမ်းကောတွေကိုလည်းရိုးနေပြီဆိုရင်တော့ ပူပူစပ်စပ်ကိုရီးယားစတိုင်ခေါက်ဆွဲတွေအဓိကရနိုင်တဲ့ Junction City ၅လွှာက YKKO ရဲ့ဘေးမှာဖွင့်ထားတဲ့ ChilliBoom ကိုညွှန်းပေးချင်ပါတယ်။ ဖွင့်တာတလလောက်ပဲရှိသေးတဲ့ဒီဆိုင်လေးမှာထူးခြားတာက အစပ် level ၇ဆင့်အထိရှိတာပါပဲ။ ပုံမှန်အားဖြင့် ၁ နဲ့ ၃အတွင်းကအတော်များများစားနိုင်ကြပြီး ၄နဲ့အထက်ကတော့ challenge level...

Golden Pho ကဗီယက်နမ်စတိုင် နေ့လယ်စာ

0
By Nay Thiha Golden Pho ကရန်ကုန်မှာနေထိုင်သူတွေနဲ့စိမ်းတဲ့ဆိုင်တော့မဟုတ်ပါဘူး။ အထူးသဖြင့် Sule Square ကဆိုင်ဟာရုံးဝန်ထမ်းတွေ၊ ဈေးဝယ်ထွက်သူတွေကြားနာမည်ကြီးပါတယ်။ ဗီယက်နမ်အစားအသောက်တွေဟာ အဆီနည်းပြီးဟင်းသီးဟင်းရွက်တွေ များများစားစားပါဝင်တာမို့ ကျန်းမာရေးလိုက်စားသူတွေ ၀ိတ်ထိန်းနေတဲ့သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Sule Square က Golden Pho မှာတော့နိုင်ငံခြားသားတွေအပြင် မြန်မာလူမျိုးတွေနဲ့ပါစည်ကားနေတတ်တယ်။ နေ့လယ်စာသွားစားမယ်ဆိုရင် အဓိကညွှန်းပေးချင်တာကတော့ Pho...

သင့်စိတ်ကြိုက်ကော်ဖီ

0
By Nay Thiha လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ရန်ကုန်မှာကော်ဖီဆိုင်ထိုင်တဲ့အလေ့ခေတ်စားလာပြီး အပြင်အဆင်ကောင်းကောင်းနဲ့ကော်ဖီဆိုင်လေးတွေကိုလည်း အများအပြားတွေ့လာရပါတယ်။ ကော်ဖီဆိုင်တဆိုင်ဝင်ထိုင်မယ်၊ ကော်ဖီ ၁၀မျိုးလောက်ထဲက ကိုယ့်စိတ်ကြိုက်ကော်ဖီတခွက်ကိုမှာလိုက်မယ်၊ ပြီးရင်အကောင်းဆုံးဖြစ်လာဖို့မျှော်လင့်နေမယ်။ ဒါဟာသမားရိုးကျကော်ဖီဆိုင်ထိုင်နည်းပါ။ Jack’s Gourmet Coffee and Food မှာတော့လုံးဝဆန်းသစ်တဲ့ကော်ဖီအတွေ့အကြုံကိုခံစားရမယ်။ ဘာလို့လည်းဆိုတော့သူ့မှာ ကော်ဖီစေ့ဒါဇင်ဝက်လောက်ရှိပြီး ဖျော်စပ်ပုံ ၆မျိုးရှိပါတယ်။ ဒီအထဲကမှသင့်စိတ်ကြိုက်အနံ့နဲ့အရသာကိုရွေးချယ်ပြီး သင့်စိတ်ကြိုက်နည်းနဲ့ဖျော်ခိုင်းလို့ရတယ်။ ဒီထက်စိတ်ဝင်စားစရာကောင်းတာက သင်ရွေးချယ်လိုက်တဲ့ကော်ဖီစေ့ကိုသင့်စားပွဲပေါ်မှာတင် barista...

Novotel Yangon Max ရှိ တရုတ်စားသောက်ဆိုင် Royal Pavilion မှ Saturday Dim Sum Brunch

0
ဒင်ဆမ်းပူပူနွေးနွေးသုံးဆောင်နိုင်မယ့် ဒင်ဆမ်း brunch ပရိုမိုးရှင်းကို Royal Pavilion မှာရရှိမှာဖြစ်ပါတယ်။ မလေးရှားလူမျိုး စားဖိုမှူး Ooi Boon Cheng ကိုယ်တိုင်ပြင်ဆင်ထားတာကြောင့် အရသာကောင်းမွန်တဲ့ဒင်ဆမ်း ၆၅ မျိုးကို စနေနေ့တိုင်းမှာစိတ်တိုင်းကျ တစ်ယောက်ကို ဘီယာ ၂...

လေပေါ်ပျံဝဲကြက်သားခေါက်ဆွဲ

0
By Min Ye Kyaw မြေဆွဲအားကိုလွန်ဆန်ပြီးရင်းတူနဲ့ညှပ်ထားရင်းလေပေါ်ဝဲနေတဲ့ခေါက်ဆွဲဖတ်တွေရဲ့ပုံတွေအင်တာနက်ပေါ်ပျံ့နှံ့လာတော့ မြင်ရတဲ့သူတွေအကုန်တအံ့တသြဖြစ်ကုန်ပါတယ်။ Chaun Xiao Er ဆိုတဲ့ခေါက်ဆွဲဆိုင်လေး စမ်းချောင်းမြို့နယ်မှာဖွင့်လှစ်လာတဲ့အတွက် ဒီခေါက်ဆွဲတွေရဲ့ပဟေဠိကိုကိုယ်တိုင်အဖြေညှိနိုင်ပါပြီ။ သန့်ရှင်းပြီးအလင်းရောင်ကောင်းကောင်းရတဲ့ Chaun Xiao Er ဟာရှင်စောပုလမ်းပေါ်မှာတည်ရှိတယ်။ သစ်သားခုံလေးတွေသာသုံးထားပြီး နံရံမှာရှေးဟောင်းတရုတ်လူမျိုးတွေရဲ့ပန်းချီကားတွေနဲ့အလှဆင်ထားတဲ့အတွက် တကယ့်တရုတ်ပြည်ကစားသောက်ဆိုင်လေးတခုထဲရောက်သွားသလိုခံစားချက်မျိုးရတယ်။ တရုတ်အ၀တ်အစားဝတ်ထားတဲ့စက်ရုပ်ကဂျုံလုံးတွေကိုခေါက်ဆွဲပုံဖြစ်အောင်ဓားတချောင်းနဲ့လှီးဖြတ်နေတာကိုအံ့သြဖွယ်တွေ့ရမယ်။ ကျနော်တို့လည်းဆိုင်ရဲ့နာမည်ကြီးအစားအစာ လေပေါ်ပျံဝဲကြက်သားခေါက်ဆွဲ (၄၀၀၀ကျပ်) နဲ့ စီချွမ်ဝက်သားခေါက်ဆွဲ (၃၅၀၀ကျပ်) တို့ကိုမှာလိုက်ပါတယ်။ ကြက်သားခေါက်ဆွဲကတော့အရသာရှိရုံသာမကလေပေါ်ဝဲနေတဲ့ခေါက်ဆွဲတွေရဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရတဲ့အတွက် စိတ်ကျေနပ်မှုပါရလိုက်တယ်။ ၀က်သားခေါက်ဆွဲကတော့ဟင်းခတ်အမွှေးအကြိုင် ကောင်းကောင်းသုံးထားတဲ့အတွက် အနံ့အရသာနဲ့ပြည့်စုံပါတယ်။G တခုကို ၁၀၀၀ကျပ်ကျသင့်တဲ့ ကြက်သွန်ဖြူ၊...

ရီဝေေ၀ခံစားချက်လေးနဲ့ Tipsy Bar

0
By Min Ye Kyaw ရန်ကုန်မှာမကြာသေးခင်ကမှဖွင့်လှစ်လိုက်တဲ့ Tipsy Bar ရဲ့ရီဝေေ၀ဖြစ်နေတဲ့မျက်လုံးပုံအမှတ်တံဆိပ်ဟာ တခါတွေ့ပြီးတာနဲ့မှတ်မိနေမယ့် တံဆိပ်မျိုးပါ။ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာတည်ရှိတဲ့ဒီဘားရဲ့ဒီဇိုင်းဟာ ခေတ်မီပြီးအတုမရှိလောက်အောင်ဆန်းသစ်တာမို့ သမားရိုးကျကော့တေးဘားမဟုတ်မှန်းမြင်တာနဲ့သိနိုင်ပါတယ်။ ခေါင်မိုးပေါ်မှာထိုင်ပြီးနေ၀င်ချိန်ရှုခင်းကိုလည်းကြည့်ရှုနိုင်တဲ့အတွက် ဖွင့်တာ ၂ပတ်ကျော်လောက်ပဲရှိသေးပေမယ့် ရန်ကုန်မှာနာမည်ရစပြုလာတာကိုတွေ့ရတယ်။ ဘိလိယက်ကစားတဲ့ခုံလည်းထားပေးထားတဲ့အတွက် စားရင်းသောက်ရင်းအပေါင်းအသင်းတွေနဲ့ကစားနိုင်ပါတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ ကြက်သားသုပ်ရယ် သံပုရာသီးစိတ်လေးတွေထည့်ထားတဲ့ရေတဖန်ခွက်ရယ်နဲ့ ဧည့်ခံပါတယ်။ ပြီးတော့ menu ကိုကြည့်ကြည့်တဲ့အခါ ဘားတွေမှာရလေ့ရှိတဲ့အဆာပြေစာလေးတွေရယ်၊ အကင်တွေရယ်၊ ပါစတာ၊ စွပ်ပြုတ်နဲ့...

ဂျပန်စားသောက်ဆိုင်လမ်းညွှန်

0
ဂျပန်အစားအသောက်တွေဟာအခုဆိုရင် မြန်မာနိုင်ငံသားတွေကြားမှာရေပန်းစားလာပါပြီ။ ဂျပန်စာတွေဟာဆီနည်းပါးခြင်း၊ လတ်ဆတ်တဲ့ငါးနဲ့ပင်လယ်စာတွေကိုအဓိကထားချက်ပြုတ်ထားခြင်း စတဲ့ဂုဏ်ရည်တွေကြောင့်ကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။ MYANMORE Top 100 စာရင်းထဲကလက်ရွေးစင်ဂျပန်စားသောက်ဆိုင် ၅ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Sushi Tei Sushi Tei မှာအခန်းငယ်လေးတွေနဲ့စားလို့ရတဲ့ပုံစံနဲ့တည်ခင်းဧည့်ခံပြီး ခေတ်မီဂျပန်စတိုင်အပြင်အဆင်တွေကဆွဲဆောင်မှုအပြည့်ရှိပါတယ်။ ၀န်ထမ်းတွေကယဉ်ကျေးပျူငှာသလို လေ့ကျင့်မှုလည်းပြည့်ဝပါတယ်။ ဆာရှိမိ၊ ဆူရှီ၊ တမ်ပူရာ၊ ဂျပန်စတိုင်ဟော့ပေါ့ နာဘဲ့တို့အပါအ၀င် အချိုပွဲပေါင်းစုံကိုလည်းမှာယူနိုင်ပါတယ်။ ဆူရှီတွေကိုရွေ့လျားစက်ပေါ်မှာတင်ထားတာကလည်း နှစ်သက်ဖွယ်တည်ခင်းမှုတခုပါ။ ဒါ့အပြင်မီးဖိုချောင်ကိုလည်းဖွင့်ထားတာမို့စားဖိုမှူးတွေရဲ့အချက်အပြုတ်ပညာကိုလည်းအံ့သြဖွယ်တွေ့နိုင်ပါတယ်။ Address: 126, Dhamazedi...

Xmas & New Year Special Feast #2

0
Grand Mercure Christmas Eve Dinner or Christmas Day Brunch Wine နဲ့ beer free flow ပါဝင်တဲ့ခရစ္စမတ်စ်စားပွဲကို လူတစ်ဦးလျှင် $41 နှင့်ရယူလိုက်ပါ။ ခရစ္စမတ်စ်အဖိတ်နေ့မှာ ညစာစားပွဲဟာ ည ၈နာရီကနေ ၁၂နာရီအထိရှိမှာဖြစ်ပြီး ခရစ္စမတ်စ်နေ့ brunch ကတော့ မနက်...

Xmas & New Year Special Feast #1

0
Christmas နဲ့ New Year မှာကိုယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့ အစားအသောက်ကောင်းတွေစားပြီးဖြတ်သန်းနိုင်ဖို့ special promotion လေးတွေကို series လိုက်တင်ပြပေးသွားပါ့မယ်။ Melia Yangon Year End Special The Market Restaurant မှာညစာစားမယ့်သူများအတွက် ဒီဇင်ဘာလကုန်အထိ promotion ရှိတယ်နော်။ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေနဲ့အတူတူပျော်ရွှင်စရာညလေးကိုဖြတ်သန်းပါ International Buffet Dinner,...