Halloween မှာကြည့်ရမယ့် Netflix ရုပ်ရှင်များ
ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်တဲ့သူတွေအတွက်
Halloween မှာကြည့်ဖို့ Netflix ကသရဲကားတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ Marianne Netflix ရဲ့ပြင်သစ်ရုပ်သံဇာတ်လမ်းတွဲဖြစ်ပြီး
သွေးပျက်စရာပြကွက်တော်တော်များများပါတယ်။ Emma Larsimon ဆိုတဲ့စာရေးဆရာမဟာ သူငယ်စဉ်ကအိပ်မက်ဆိုးထဲမှာအမြဲပါတတ်တဲ့စုန်းမ
Marianne ကိုအခြေခံပြီး ၀တ္ထုစာအုပ်တွေစီးရီးလိုက်ရေးသားခဲ့တယ်။ အဲ့ဒီဇာတ်လမ်းကိုအဆုံးသတ်လိုက်တဲ့အခါမှာတော့
Marianne ဟာသူ့အိပ်မက်ထဲကိုပြန်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ငယ်သူငယ်ချင်းတယောက်ကိုပြုစားပြီး
ဝတ္ထုကိုဆက်မရေးရင်သူချစ်ခင်ရတဲ့သူတွေကိုအန္တရာယ်ပြုမယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့
Emma ဟာသူ့ရဲ့ဇာတိမြို့လေးဆီပြန်လာပြီး အတိတ်ဟောင်းကိုရင်ဆိုင်ရပါတော့တယ်။ Marianne
နဲ့ Emma အတိတ်ကဘယ်လိုပတ်သက်မှုတွေရှိခဲ့လဲ။ ဘာကြောင့် Marianne...
Fantastic Beasts: The Secrets of Dumbledore Review
Fantastic Beasts saga ရဲ့ တတိယမြောက်ရုပ်ရှင်ကဒုတိယကားထက်ပိုကောင်းတယ်လို့တော့ပြောရမယ်။ ဇာတ်လမ်းကပိုသွက်တယ်၊ ရယ်ရတယ်၊ visual တွေလှတယ်။ ဒါပေမယ့် Harry Potter ဇာတ်ကားတွေကိုတော့မမီသေးဘဲ Harry Potter ရဲ့အရှိန်နဲ့ငွေရှာဖို့ရိုက်ကူးထားတဲ့ ဇာတ်ကားတကားသာဖြစ်နေပါသေးတယ်။ Spoiler ပါလို့ကြည့်ပြီးမှဖတ်ပါ။ Fantastic Beasts and Where to Find...
Sonic the Hedgehog 2 Review
Sonic 2 ဟာတကမ္ဘာလုံးဝင်ငွေဒေါ်လာသန်း ၃၃၀ကျော်နဲ့ရုံဝင်ငွေအမြင့်ဆုံး ဗီဒီယိုဂိမ်းအခြေခံရုပ်ရှင်ဖြစ်သွားပါပြီ။ ဒါဟာသူ့အရှေ့က Sonic the Hedgehog တင်ခဲ့တဲ့စံချိန်ကိုထပ်ချိုးလိုက်တာပါပဲ။ ဟောလိဝုဒ်ရုပ်ရှင်တွေမှာများသောအားဖြင့် sequel တွေကဂွမ်းတတ်တာမို့ Sonic 2 ကတော့ဒီအစဉ်အလာကိုကျော်ဖြတ်နိုင်ခဲ့တယ်ဗျ။ Sonic 2 ဟာပထမကားမှာပြီးသွားတဲ့နေရာကနေအစပြုတယ်။ Mushroom Planet ကိုရောက်သွားတဲ့ Dr Robotnik (Jim...
ရိုက်လက်စရိုက်ကွင်းကနေ ရုတ်တရက်နှုတ်ဆက်ထွက်ခွာခဲ့ရဖူးတဲ့ နာမည်ကြီးသရုပ်ဆောင်များး
ရုပ်ရှင်ကားေကာင်းတစ်ကားကိုရိုက်ကူးဖန်တီးဖို့ဆိုတာ ခက်ခဲနက်နဲလွန်းတဲ့အလုပ်တစ်ခုဖြစ်သလို အဘက်ဘက်ကပြီးပြည့်စုံေနပါမှလည်း ဖြစ်မြောက်လာနိုင်တဲ့ကိစ္စပါ။ တစ်ခါတလေ ယ ရုပ်ရှင်ရိုက်ကူးေရးမှာပါဝင်ေနတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ တစ်ဦးဦးေကြာင့်အလွဲအမှားတစ်ခုခုဖြစ်သွားလို့ ဆုံးရှုံးလိုက်ရမှာေတွကလည်း အများသားပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ကွင်းမှာ တစ်ခုခုလွဲမှားလုပ်မိလိုက်တဲ့ဘယ်သူမဆို (Mega Star တစ်ဦးပင်ဖြစ်နေပါစေ) ရိုက်ကူးရေးလုပ်ငန်းစဥ်ထဲကထုတ်ပယ်ခြင်းကို ခံလိုက်ရနိုင်ပါတယ်။ အခုဖော်ပြပေးလိုက်တာကလည်း ရုပ်ရှင်ရိုက်ကူးလက်စအချိန်အတွင်းမှာတင် အကြောင်းအမျိုးမျိုးကြောင့်ထုတ်ပယ်ခံရ/ နုတ်ထွက်ခဲ့ရတဲ့...
Covid-19 ကြောင့်နှောင့်နှေးသွားရတဲ့ရုပ်ရှင်များ
ကပ်ရောဂါကြီးသာမဖြစ်ခဲ့ရင် အခုစာရင်းထဲကရုပ်ရှင်တချို့ကိုကျနော်တို့ကြည့်ပြီးသွားလောက်ပါပြီ။ ဒီစာရင်းမှာ Covid-19 ကြောင့်ရုံတင်ရက်ရွှေ့လိုက်ရတဲ့ရုပ်ရှင်တွေထဲက နာမည်ကြီးတချို့ကိုဖော်ပြထားပါတယ်။ ရုံတင်ရက် တနှစ်လောက်နောက်ဆုတ်လိုက်ရတဲ့ရုပ်ရှင်တွေတောင်ရှိပါတယ်။ ပရိသတ်တွေအကြည့်ချင်ဆုံးရုပ်ရှင်တွေကိုလည်းပြောပြသွားပါဦးနော်။ A Quiet Place Part 2 ၂၀၁၈ခုနှစ်တုန်းက အောင်မြင်ခဲ့တဲ့ထိတ်လန့်သည်းဖိုရုပ်ရှင် A Quiet Place ဟာ ပရိသတ်တွေတောင်းဆိုမှုကြောင့် ဒုတိယပိုင်းထွက်ရှိလာပါပြီ။ အကြားအာရုံမြင့်မားလွန်းတဲ့ဂြိုဟ်သားတွေ လွှမ်းမိုးထားတဲ့ကမ္ဘာကိုပိုကျယ်ကျယ်ပြန့်ပြန့်တွေ့ရဖို့ရှိပါတယ်။ ပထမကားရဲ့ဇာတ်လိုက် Emily...
The Lion King (Original) ရုပ်ရှင်နဲ့ပတ်သက်ပြီး သင်မသိထားသေးတဲ့အချက်များ
ခြင်္သေ့လေး Simba ပါဝင်တဲ့ The Lion King ကာတွန်းရုပ်ရှင်ထွက်ရှိခဲ့ပြီးတာဟာ အခု ၂၀၂၀ ခုနှစ်ဆိုရင်၂၆ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်ထဲမှာ Version အသစ်နဲ့ထပ်ထွက်လာခဲ့တဲ့ရုပ်ရှင်ကိုလည်း ကြည့်ခဲ့ကြရမှာပါ ဒါပေမဲ့ Version အသစ်ကို လူကြိုက်မများခဲ့ပါဘူး။ ဒါကလည်း ပရိသတ်တွေရင်ထဲမှာ Original Version...
May the Fourth be with You
ခေါင်းစဉ်ကိုကြည့်တာနဲ့ Star Wars ပရိသတ်ဆိုရင် ဒီဆောင်းပါးကဘာအကြောင်းဖြစ်မယ်ဆိုတာခန့်မှန်းနိုင်မှာပါ။ မေလ ၄ရက်နေ့ဟာ နိုင်ငံတကာက Star Wars ပရိသတ်တွေသတ်မှတ်ထားတဲ့ International Star Wars Day ဖြစ်ပါတယ်။ Star Wars ရုပ်ရှင်တွေရဲ့နာမည်ကျော်စာသားဖြစ်တဲ့ May the Force be with you...
ဒီရုပ်ရှင်တွေကြည့်တိုင်း Irrfan Khan ကိုသတိရနေမှာပါ
Bollywood မင်းသားကြီး Irrfan Khan ကတော့ အူလမ်းကြောင်းကင်ဆာ၊ အူမကြီးပိုးဝင်ရောဂါတွေနဲ့ မနေ့ကပဲဆုံးပါးသွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၅၃နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့သား ၂ယောက်ကျန်ရစ်ခဲ့ပါတယ်။ အသက် ၅၃နှစ်ဆိုတာသရုပ်ဆောင်တယောက်အတွက်တော့ ရုပ်ရှင်တွေအများကြီးရိုက်လို့ရသေးတဲ့အရွယ်ဖြစ်တာမို့ သူကွယ်လွန်သွားတာစောနေသလိုခံစားရတယ်။ ဒီဆောင်းပါးမှာတော့အိန္ဒိယမှာသာမက နိုင်ငံတကာရုပ်ရှင်လောကမှာပါထင်ရှားတဲ့မင်းသားကြီးရဲ့ဘဝဇာတ်လမ်းအကျဉ်းနဲ့ ကျနော်သဘောကျတဲ့သူ့ရုပ်ရှင်တွေအကြောင်းပြောပြချင်ပါတယ်။ တချို့နာမည်ကြီးရုပ်ရှင်တွေကိုမကြည့်ဖူးသေးပေမယ့် ကြုံရင်ကြည့်လို့ရအောင် ညွှန်းပေးလိုက်ပါတယ်။ Irrfan Khan ဆိုတာ… အိန္ဒိယနိုင်ငံ...
ထိုင်းရုပ်ရှင်ကောင်းကောင်းကြည့်ကြမယ်
အပတ်တိုင်းလိုလိုအနောက်တိုင်းရုပ်ရှင်နဲ့စီးရီးတွေအကြောင်းပဲပြောနေတော့ ဒီအပတ်မှာအပြောင်းအလဲဖြစ်အောင် ထိုင်းရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေအကြောင်းညွှန်းပေးချင်ပါတယ်။ များသောအားဖြင့်မြန်မာပရိသတ်တွေက ထိုင်းရုပ်ရှင်ဆိုရင် ဟာသနဲ့သရဲတစ္ဆေဇာတ်လမ်းတွေကြိုက်တတ်ကြတော့ ဒီအညွှန်းမှာလည်းပေါ့ပေါ့ပါးပါးရယ်ရမယ့်ကားလေးတွေ ခြောက်ခြောက်ခြားခြားကြည့်ရမယ့်ကားလေးတွေ ရွေးပေးထားတယ်။ တချို့ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေက Netflix မှာကြည့်လို့ရပါတယ်။ The Teacher’s Diary သင်မမြင်ဖူးတဲ့သူတယောက်ကို ချစ်မိသွားနိုင်သလား။ အစွန်အဖျားရွာလေးတရွာမှာစာသင်ဖို့ရောက်လာတဲ့ဆရာတယောက်ဟာ သူတည်းခိုတဲ့ရေပေါ်အိမ်လေးမှာ သူ့အရင်ကနေသွားခဲ့တဲ့ဆရာမရဲ့ဒိုင်ယာရီကိုသွားတွေ့ပါတယ်။ အဲ့ဒီဆရာမရဲ့နေ့စဉ်မှတ်တမ်းကိုဖတ်ပြီး သူ့ရဲ့ထင်မြင်ချက်တွေကိုစာမျက်နှာအလွတ်မှာရေးထားမိတယ်။ သူလည်းထွက်သွားရောအဲ့ဒီဆရာမပြန်ရောက်လာပြီး ဒိုင်ယာရီစာအုပ်ထဲကသူ့ရဲ့ထင်မြင်ချက်တွေကိုဖတ်မိရာကနေ တယောက်နဲ့တယောက်သံယောဇဉ်ဖြစ်လာပါတော့တယ်။ Sleepless Society ဒီသည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲဟာ...
အိမ်မှာနေရင်းကြည့်ဖို့ ကပ်ရောဂါအခြေခံရုပ်ရှင်များ
အခုအချိန်မှာအလုပ်ခွင်တော်တော်များများက work from home စနစ်ကျင့်သုံးနေကြတာမို့ အိမ်နေရင်းအပျင်းပြေကြည့်ဖို့ ရောဂါကပ်ဘေးတွေအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်တွေတချို့ကိုတင်ပြပေးလိုက်ပါတယ်။ ရောဂန္တရကပ်တခုကျရောက်တဲ့အခါ ဘယ်သူတွေကအသိဉာဏ်ရှိရှိရင်ဆိုင်ပြီး ဘယ်သူတွေက လက်လွတ်စပယ်ပြုမူကြသလဲဆိုတာ ဒီရုပ်ရှင်တွေမှာမြင်ရမယ်။ ဇာတ်ကောင်တွေရဲ့တုံ့ပြန်မှုတွေက အခုလိုအချိန်မှာကျနော်တို့ကို အသိပညာတွေအများကြီးပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ Contagion ဒီ list ကိုစဉ်းစားတော့ပထမဆုံးကျနော့်ခေါင်းထဲရောက်လာတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့ပြီး Jude Law, Gwyneth...










