“COVID-19 Data Updates!”
ဒီနေ့ နောက်ဆုံးရအချက်အလက်တွေအရ ကမ္ဘာတစ်လွှားမှာ COVID-19 ပျံ့နှံ့ရောက်ရှိပြီးဖြစ်တဲ့နိုင်ငံအရေအတွက်က ကမ္ဘာ့နိုင်ငံပေါင်း 195 နိုင်ငံမှာ 193 နိုင်ငံ (worldometer အရ)ထိရှိလာပြီး ဘေးကင်းဆဲနိုင်ငံက ၂ နိုင်ငံ (မြန်မာနဲ့ လာအို)သာကျန်ရှိပါတော့တယ်။ virus ကူးစက်ခံရသူစုစုပေါင်း ၃၃၇၅၅၆ ဦးနဲ့ ေသဆုံးသူစုစုပေါင်း ၁၄၆၅၄ ဦးရှိလာပါပြီ။ ထူးထူးခြားခြား...
COVID-19 ကာကွယ်တိုက်ဖျက်ရေးအတွက် ရက်ရက်ရောရောလှူဒါန်းမှုပြုခဲ့ကြတဲ့ဘီလျံနာများ
လက်ရှိအခြေအနေတွေအရကြည့်ရင် ကမ္ဘာတစ်ဝှမ်းလုံးနီးပါးဟာ coronavirus ကပ်ရောဂါဘေးဒဏ်သင့်နေတယ်လို့ပဲ ဆိုရမှာပါ။ ရောဂါပိုးကူးစက်ခံရသူ၊ ရောဂါကြောင့်သေဆုံးရသူေတွေထောင်ချီရှိလာခဲ့သလို နေရာထိုင်ခင်းနဲ့ ဆေးဝါးပစ္စည်းမလောက်ငမှုတွေကြောင့် မသေသင့်ဘဲသေဆုံးသွားရသူဦးရေကလည်း မနည်းပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ဒီလိုအခက်အခဲ အကြပ်အတည်းတွေပြေလည်စေဖို့အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ အားတက်သရောကူညီမှုတွေ ရှိလာခဲ့ပါပြီ။ အဲဒီပုဂ္ဂိုလ်တွေထဲမှာ နည်းပညာလုပ်ငန်းရှင်၊ အားကစားအသင်းပိုင်ရှင်နဲ့ ဘဏ်လုပ်ငန်းရှင် စသဖြင့်...
Temasek Foundation က စင်္ကာပူအိမ်ထောင်စုတိုင်းအတွက် hand sanitiser များဝေငှပေး
COVID-19 case ဖြစ်ပွားမှုများပြားလာနေတဲ့ စင်္ကာပူနိုင်ငံက အိမ်ထောင်စုတိုင်းအနေနဲ့ zero-alcohol hand sanitiser 500 ml စီ အခမဲ့ရရှိနိုင်မယ့်အကြောင်းကို Temasek Foundation က ကြေညာလိုက်ပါတယ်။ Mar 23 to Mar 29 အတွင်း (သို့) ...
“COVID-19 Update News”
တရုတ်နိုင်ငံကနေစတင်ခဲ့ပြီး ကမ္ဘာအနှံ့ကိုပျံ့နှံ့သွားခဲ့တဲ့ COVID-19 ကတော့ WHO က Pandemic အဖြစ်ကြေညာရတဲ့ထိအောင် ထိတ်လန့်တုန်လှုပ်စရာကောင်းလာခဲ့ပါပြီ။ အမေရိကန်၊ အီတလီ၊ တရုတ်၊ ဂျပန်နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှာတော့ Coronavirus ကူးစက်ခံရသူနဲ့ virus ကူးစက်ခံရမှုကြောင့်သေဆုံးရသူဦးရေက ကြောက်ခမမ်းလိလိကို တိုးပွားလာနေပါတယ်။ မြန်မာနိုင်ငံမှာတော့ မတ်လ ၁၁ နဲ့ ၁၂...
“ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်လာတဲ့ COVID-19”
Coronavirus ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ်သတ်မှတ်လိုက်ပကြာင်း WHO က ကြေညာလိုက်ပါပြီ။ WHO အကြီးအကဲ Dr Tedros Adhanom Ghebreyesus က တရုတ်နိုင်ငံပြင်ပဒေသတွေမှာ သီတင်းပတ်နှစ်ပတ်တာအတွင်း ကူးစက်မှု ၁၃ ခုထိရှိလာခဲ့ပြီး ဒါဟာ အလေးအနက်သတိပြုရမယ့် တပ်လှန့်နှိုးဆော်ရမယ့် အနေအထားမျိုးဖြစ်လာခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။ ဥရောပက...
ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး သိထားသင့်သမျှ
ရာသီတုပ်ကွေးတကျော့ပြန်ရောက်လာတဲ့အတွက်
လူတော်တော်များများစိုးရိမ်နေကြပါတယ်။
ဒီအခါမှာတုပ်ကွေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်မှား (ဥပမာ - B သွေးပိုင်ရှင်တွေက ရောဂါကူးနိုင်ခြေပိုများတယ်၊
ကြက်သွန်ဖြူစားရင်ရောဂါမဖြစ်ဘူး) တွေကလည်း social media မှာပျံ့နေပါတယ်။ ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေနဲ့
သတင်းအချက်အလက်အမှန်တွေကို ဒေါက်တာထွန်းဝင်းလင်းကအခုလိုပြောပြပေးထားပါတယ်။ အခုဆို ကျနော်တို့ မြန်မာနိုင်ငံမှာ
ရာသီတုပ်ကွေးဖြစ်ပွားတာ စိုးရိမ်စရာ၊ သတိပြုစရာအနေအထားတစ်ခုဖြစ်နေပါပြီ။ အခုလက်ရှိဖြစ်ပွားနေတဲ့
ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ဘယ်လိုတွေပြုမူနေထိုင်ရမယ်ဆိုတာ တော်တော်များများသိထားပြီးကြပြီး
ဖြစ်နေကြပေမယ့် တချို့ သတိပြုစရာအချက်ကလေးတွေ ဖြည့်စွက်ပြီးသိထားရအောင်
ရည်ရွယ်ပါတယ်။ ရာသီတုပ်ကွေး (Seasonal...
ရေခဲသေတ္တာထဲမထည့်သင့်သော အစားအစာများ
By Gam Seng Maw အစားအစာတွေမကုန်ရင်ရေခဲသေတ္တာထဲလွယ်လွယ်ထည့်လေ့ရှိကြပါတယ်။
ရေခဲသေတ္တာတွေက အစားအစာတွေကိုတာရှည်ခံအောင်သိမ်းဆည်းပေးနိုင်တယ်ဆိုပေမယ့်
တချို့အစားအစာ တွေကတော့ရေခဲသေတ္တာထဲထည့်လိုက်တော့မှ အရသာပျက်သွားတာမျိုး၊ တခြားအစားအစာတွေရဲ့
အနံ့အရသာကိုပါပျက်သွားစေတာမျိုးရှိတတ်ပါတယ်။ ရေခဲသေတ္တာထဲမသိမ်းဆည်းသင့်တဲ့
အစားအစာတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။ ပေါင်မုန့် စားမကုန်တဲ့
ပေါင်မုန့်တွေကိုရေခဲသေတ္တာမှာ ထည့်သိမ်းပြီး နောက်မှစားမယ်ဆိုတဲ့ စိတ်ကူးကို
မေ့လိုက်ပါတော့။ အအေးခန်းထဲမှာ ထည့်ထားရင် ပေါင်မုန့်သားက ပိုပြီးမာသွားပြီး
မှိုတက်တာကလည်း ပိုမြန်ပါတယ်။ ဒါကြောင့် ပေါင်မုန့်တွေကို
ခြောက်သွေ့ပြီးအေးမြတဲ့နေရာတွေမှာ ထားတာ အသင့်တော်ဆုံးပါပဲ။ ဖရဲသီး ပူအိုက်နေတဲ့ နေ့လည်ခင်းကြီးမှာ ဖရဲသီးကို အအေးခန်းထဲမှာထည့်၊...
ဓာတုကင်းဝေးကျန်းမာရေး
By Nay
Thiha ကျနော်တို့သတိမထားမိလိုက်ချိန်မှာဓာတုဗေဒပစ္စည်းတွေနဲ့
စိုက်ပျိုးထုတ်လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေဟာ ဈေးဆိုင်တွေနဲ့ထမင်းဝိုင်းတွေမှာနေရာယူလာကြတယ်။
အသီးအနှံတွေစိုက်ပျိုးတဲ့အခါပိုးမွှားရန်ကိုကာကွယ်ဖို့ အထွက်နှုန်းတိုးဖို့အတွက် ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာတွေသုံးလာကြတာ
အလေ့အထတခုလိုဖြစ်လာပါပြီ။ ဒါပေမယ့်အခုနောက်ပိုင်းမှာအော်ဂဲနစ်စိုက်ပျိုးရေးခေတ်စားလာခဲ့ပြီး
ဓာတုကင်းစင်တဲ့အသီးအနှံတွေကို မြတ်မြတ်နိုးနိုးဝယ်ယူစားသုံးသူတွေရှိလာပါတယ်။ အရေအတွက်အားဖြင့်နည်းသေးပေမယ့်
Farmers’ Market လို ဓာတုကင်းစင်တဲ့ထုတ်ကုန်တွေကိုမြှင့်တင်ပေးနေတဲ့ဈေးကွက်တွေရှိလာတာတွေ့ရတယ်။
ဒီလုပ်ငန်းကိုလေ့လာနိုင်ဖို့သဘာဝအတိုင်းသာစိုက်ပျိုးထားတဲ့ထုတ်ကုန်တွေကိုဈေးကွက်ထဲဖြန့်ဝေပေးနေတဲ့
Organic Valley ရဲ့တည်ထောင်သူမကြေးမုံလွင်နဲ့စကားပြောကြည့်ခဲ့ပါတယ်။ “အစ်မက
IT နယ်ပယ်ကလာတာပါ။KMD မှာ ၁၃နှစ်လောက်အလုပ်လုပ်ခဲ့တယ်။ ပြီးတော့ Telenor Myanmar မှာလုပ်ခဲ့သေးတယ်။
ဝန်ထမ်းဘ၀နဲ့နှစ် ၂၀ကျော်လောက်နေခဲ့ပြီးတော့ ကိုယ်ပိုင်လုပ်ငန်းတခုလုပ်ချင်တာနဲ့လိုက်လေ့လာကြည့်တယ်။
ဝန်ထမ်းဘ၀ကထွက်ပြီး freelancer...
အသက်ကလေးရယ်တဲ့ရှည်နိုင်အောင် အပူဒဏ်ကိုရှောင်
By Dr Htun Win Lin လာမယ့်အပတ်မှာဆိုရင် ကျနော်တို့ မြန်မာလူမျိုးများရဲ့ အတာသင်္ကြန်ပွဲတော်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ကျနော်တို့ မိဘပြည်သူများဟာလည်း ခုလို အတာသင်္ကြန် အားလပ်ရက်များကို ဘယ်လိုကုန်ဆုံးကြမလဲဆိုတာ အစီအစဉ်ဆွဲထားကြပြီးဖြစ်နေကြမှာပါ။
တရားစခန်းမှာ
တရားအားထုတ်ကြသူများ၊
ခရီးထွက်ကြသူများနဲ့
သင်္ကြန်ပွဲကိုပါဝင်ဆင်နွှဲကြသူများ စသည်ဖြင့်ပေါ့။ ခုလို စီစဉ်ထားကြတဲ့ မိဘပြည်သူများ အနေနဲ့သတိပြုရမှာကတော့ ပူပြင်းတဲ့ ရာသီဥတုအခြေအနေဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အပူပိုင်းရာသီဥတုနဲ့...
ဥပဒ်ကင်းသောအာဟာရ
By Nay Thiha ထမင်းဆိုတာကျနော်တို့မြန်မာလူမျိုးတွေရဲ့နေ့စဉ်အစားအစာဖြစ်ရုံသာမက
ယဉ်ကျေးမှုထဲကိုပါစိမ့်ဝင်နေတဲ့ စားစရာတခုပါ။ ကျနော်တို့မိခင်နို့ပြတ်တဲ့အချိန်ကစပြီး
ထမင်းကိုနည်းနည်းစီစားလာကြတာ အိုမင်းမစွမ်းဖြစ်လို့အစာမာမာစားလို့မရတဲ့အချိန်အထိပါပဲ။
ထမင်းစားတဲ့အလေ့အထဟာ ကျနော်တို့နေ့စဉ်ဘ၀ထဲနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတာကြောင့် ထမင်းဟာကျနော်တို့ကျန်းမာရေးအတွက်
အမြဲအထောက်အကူပြုရဲ့လားဆိုတဲ့မေးခွန်းကိုဘယ်သူမှမတွေးမိကြတော့ပါဘူး။ ထမင်းဟာကစီဓာတ်နဲ့ဗီတာမင်တွေကြွယ်ဝတဲ့စားစရာတခုဆိုတာကတော့
သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့်လူနေမှုစနစ်တွေပြောင်းလဲလာပြီး ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိတော့တဲ့အတွက်
သွေးတိုးဆီးချိုလိုရောဂါတွေဖြစ်လာတဲ့အခါမှာ ကစီဓာတ်ကြွယ်ဝလွန်းတဲ့ထမင်းဟာ ရောဂါသည်တွေအတွက်ခြိမ်းခြောက်မှုတခုဖြစ်လာပါတယ်။ သိဒ္ဓိအာဟာရဆန်ကိုဈေးကွက်ထဲမှာဆီးချိုရောဂါသည်တွေ
ကိုယ်အလေးချိန်ထိန်းလိုသူတွေ စားလေ့ရှိတဲ့ဆန်အဖြစ်သတိထားမိခဲ့တာပါ။ ဒီဆန်ကိုဦးစီးထုတ်လုပ်နေတဲ့မ၀တ်ရည်ဇော်နဲ့တွေ့ဆုံပြီး
ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ဆန်ကိုထုတ်လုပ်ဖို့စိတ်ကူးရခဲ့ပုံကိုမေးမြန်းကြည့်ခဲ့ပါတယ်။ “အစ်မတို့ဘိုးဘွားပိုင်
ပွင့်ဆန်းယဉ်ဆန်စက်ကမှော်ဘီမှာရှိပါတယ်။ အဆီထုတ်ထားတဲ့ပေါင်းဆန်အကြောင်း ဆန်စပါးလုပ်ငန်းရှင်တွေကနေသိခဲ့ရတယ်။
အစ်မကကျန်းမာရေးလိုက်စားတော့ ဒီဆန်ကိုဘယ်လိုဈေးကွက်တင်ရင်ကောင်းမလဲတွေးမိတယ်။ ဒီဆန်ကိုစထုတ်မိဖို့အတွေးရလာတာကတော့
အစ်မအမေကြောင့်ပါ။ အမေကဆီးချိုရှိပေမယ့်ထမင်းကိုမဖြတ်နိုင်ဘူးလေ။ အဲ့ဒါနဲ့ဒီဆန်လေးစမ်းကျွေးကြည့်ရာနေ
သူ့အနေနဲ့ဆီးချိုတွေလည်းသိပ်မတက်တော့ဘဲ နေရထိုင်ရတာလည်းပေါ့ပေါ့ပါးပါးရှိတယ်လို့ပြောလာပါတယ်။
ညီမလေးကလည်းကိုယ်အလေးချိန်များတော့ ပုံမှန်ဆန်အစားဒီဆန်ကိုပြောင်းကျွေးကြည့်တဲ့အခါ
ကိုယ်အလေးချိန်ကျလာတာကိုတွေ့ရတယ်။ အဲ့ဒါနဲ့အသိမိတ်ဆွေတွေကိုစမ်းရောင်းကြည့်ရာကနေ ဒီဆန်ကိုထုတ်ဖြစ်သွားတာပါ”
လို့သိဒ္ဓိဆန်စတင်ပုံအကြောင်း...










